ကလေးဝမှာ အမျိုးသားလေးဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်၊ ဇီးတော၊ အောင်ချမ်းသာနဲ့ သက်ကယ်ကျင်းရွာတွေက အမျိုးသားလေးဦး တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်တွေက ဖမ်းဆီးသွားတယ်လို့ ကလေးဝ ဒေသခံ တွေက ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်က ဇီးတောရွာက ဦးသိန်းစိုး၊ နိုဝင်ဘာ ၂၁ ရက်က အောင်ချမ်းသာရွာက ကိုအာကာမင်းနဲ့ ကိုနန်းပို၊ သက်ကယ်ကျင်းရွာက အမျိုးသားတစ်ဦးတို့ ဖြစ်ကြပြီး ကလေးမြို့ဒေသကွပ်ကဲရေး စစ်ဌာချုပ် (ဒကစ) ကို ခေါ်သွားကာ ဖမ်းဆီးခံရတဲ့အကြောင်းကိုတော့ အသေးစိတ်မသိသေးဘူးလို့ ကလေးဝဒေသခံတွေ က ပြောပါတယ်။
ဒီလိုဖမ်းဆီးခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတင်းမထုတ်ပြန်သေးသလို RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
သူတို့ လေးဦးဟာ သာမန်အရပ်သားတွေဖြစ်ပြီးတော့ ဆန္ဒပြပွဲတွေ၊ ပြည့်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်သူမဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ အကြမ်းဖက် ပစ်ခတ်လို့ သေဆုံးသူ ၁၂၈၁ ဦး၊ ဖမ်းဆီးခံရသူ ၁၀၃၄၀ ဦးနဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ၁၉၅၄ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။