ပညာရေးဥပဒေ ပြင်ဆင်ရေး အလုပ်အဖွဲ့ သဘောတူဖွဲ့စည်း


2015.02.14
student-leaders-305.jpg နေပြည်တော်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က ပြည်ထောင်စု ဝန်ကြီးတချို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ သပိတ်မှောက်ကျောင်း သားခေါင်းဆောင်တွေကို တွေ့ရစဉ်
Photo: Myo Thant/RFA

အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေး အတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဒေ သကြီးလွှတ်တော်မှာ ဒီနေ့ကျင်းပခဲ့ပြီး ကျောင်း သားတွေ တောင်းဆိုထားတဲ့ ၁၁ ချက်ကို ပြင်ဆင်မယ့် ဥပဒေအတွင်း ဘယ်အပိုဒ်တွေမှာထည့်သွင်းမယ် ဆိုတာ ညှိနှိုင်းသဘော တူညီခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲဟာ အစိုးရ၊ လွှတ်တော်၊ ကျောင်းသား နဲ့ NNER ပညာရေးကွန်ရက်တို့ လေးပွင့်ဆိုင် ပါဝင်တဲ့ တတိယ အကြိမ်မြောက်ဆွေးနွေးပွဲဖြစ်ပြီး အဖွဲ့လေးခု လုံးက ကိုယ်စားလှယ်တွေပါဝင်တဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအလုပ်အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်လို့  ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ် ကိုပိုင်ရဲသူက ပြောပါတယ်။

"ဒီနေ့ အမျိုးသားပညာရေးဥပဒေကို အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက် ၆ ခုအတွက်ကို ပထမဆုံအနေနဲ့ ကော်မတီဖွဲ့တယ်ပေါ့၊ အဲ့ဒီကော်မတီကလည်း ကျနော်တို့ ပထမပြောထားခဲ့သလို့ လေးဖွဲ့ထဲကလူတွေပဲ၊ ဒါပေမယ့် အဓိကကတော့ ကျနော်တို့ရဲ့ ကျောင်းသားရယ်၊ NNER  ရယ် အဓိကထားပြီး ဆွေးနွေးသွားတယ်၊ လွှတ်တော်ရဲ့အပိုင်းကတော့ ကျနော်တို့ လေးပွင့်ဆိုင် တောင်းထားတဲ့အပေါ် သူတို့ သက်သေအနေနဲ့ ဝင်ထိုင်သွားတယ်ပေါ့၊ အဲ့ဒီဥပဒေဆွေးနွေးတာ ဒီနေ့အတွက်တော့ မပြတ်ဘူး၊ ဒီနေ့မပြတ်ဘူးဆိုတော့ မနက်ဖြန်ကို အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းအဖြစ်ရောက်ရှိအောင် မနက်ဖြန်ကို အတိအကျဆွေးနွေးမယ်ဆိုပြီးတော့ သဘောတူညီချက်ရထားခဲ့တယ်၊ ပြီၤးတော့ ဆွေးနွေးပြီးတာနဲ့ ချက်ချင်းနောက်နေ့ လွှတ်တော်ကို တင်မယ်ဆိုပြီးတော့ သဘောတူညီချက်ရထားခဲ့တယ်ဗျ"

ဆွေးနွေးမှုတွေ မပြီးပြတ်သေးတဲ့အတွက် မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ NNER က တင်ပြတဲ့ ပညာရေးဥပဒေပြင်ဆင်ရေးအချက်တွေကို အဓိကထား ဆွေးနွေးခဲ့ပြီး၊ မနက်ဖြန်မှာတော့ ကျောင်းသားတွေရဲ့တင်ပြချက်တွေကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို သွားရောက်သတင်းရယူနေတဲ့ RFA သတင်းထောက် မဝေမာထွန်းကို ဝါရှင်တန်ဒီစီမြို့ RFA အသံလွှင့်ဌာနရုံးချုပ်ကနေ ကိုကျော်ကျော်အောင်က တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။