ကျောက်တော် ပဋိပက္ခအတွင်း ဖမ်းဆီးခံထားရသူနှစ်ဦး ပြန်လွှတ်


2013.09.21

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တောင်ဘွေရွာခံ ဦးမောင်လှတင်နဲ့ ဦးကျော်လှထွန်းတို့နှစ်ဦးကို စစ်တွေခရိုင်တရားရုံးက မနေ့ကညနေပိုင်းမှာ အပြီးသတ်ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေ ဒေါ်မြသူဇာက RFA ကို အခုလိုပြောပါတယ်။

"သူတို့နှစ်ယောက်က တရားလိုနဲ့ တရားလိုပြသက်သေတွေ ထွက်ချက်အရ ခိုင်မာလုံလောက်တဲ့ အထောက်အထားတွေ မပြနိုင်ပါဘူး၊ အဲဒါကြောင့် စစ်တွေခရိုင်တရားရုံက တရားသေလွှတ်လိုက်တာပါ"

ဦးမောင်လှတင်နဲ့ ဦးကျော်လှထွန်းတို့နှစ်ဦးကို မနှစ်က ကျောက်တော်မြို့နယ် အကြမ်းဖက် ပဋိပက္ခတွေအတွင်း ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၄၃၆ မီးရှို့မှု၊ ၃၀၂ လူသတ်မှု၊ စတဲ့ပုဒ်မနှစ်ခုနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က စွဲချက်တင်ကာ မခိုင်လုံတဲ့အတွက် မနေ့က ပြန်လည်လွတ်မြောက်လာတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။