မြန်မာ့ ဒီမိုတိုးတက်မှု Freedom House အဖွဲ့ ချီးမွမ်း


2015.12.17

အမေရိကန်ပြည်ထောင်စုအခြေစိုက် Freedom House ခေါ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအဖွဲ့ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ၁၉၆ဝ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းတည်ထောင်နေပြီလို့ ချီးမွမ်းဖေါ်ပြလိုက်ပါတယ်။

ဒီဇင်္ဘာလ ၁၇ ရက် မနေ့ကထုတ်ပြန်တဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာကို ၂ဝ၁၅ ခုနှစ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ အကောင်းဆုံးနဲ့ အဆိုးဆုံးများဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။ အဲဒီအစီရင်ခံစာရဲ့ အကောင်းဆုံးများစာရင်းမှာ တောင်အမေရိက၊ တောင်အာရှနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေက ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ အနိုင်ရခဲ့ပုံကို ဂုဏ်ပြုဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ စစ်တပ်နောက်ခံပြုတဲ့ အာဏာရပါတီကို လွတ်တော်၂ ရပ်လုံးမှာ အံသြဖွယ်ကောင်းလောက်အောင် ပြတ်ပြတ်သားသား အနိုင်ရ ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလူ့ဘောင် ထွန်းကားရေးအတွက် မျှော်လင့်ချက်တွေ ပိုမိုမြင့်မားလာ ခဲ့ပြီဖြစ်ပေမယ့် လက်ရှိဖွဲ့စည်းပုံအရ တိုင်းပြည်အာဏာကို တပ်မတော်က ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ကြောင်းနဲ့ တိုင်းရင်းသားနဲ့ ကိုးကွယ်ရာဘာသာအရ လူနည်းစုဖြစ်သူတွေ အကျိုးအတွက် NLD က ဘယ်လောက် ရပ်တည် ဆောင်ရွက်ပေးမှာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။