ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေ လွှတ်တော် ပြင်ဆင်အတည်ပြု
2014.06.10

ပြစ်မှုပြစ်ဒဏ်ပိုင်းကို လျှော့ပေါ့ထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ဒီဥပဒေကြမ်းဟာ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုလိုက်ပြီးဖြစ်တဲ့အတွက် ဥပဒေအဖြစ် အသက်ဝင်တော့မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။
"ဒီပုဒ်မက ပြီးခဲ့တဲ့ လွှတ်တော်တုန်းက ပြင်ဆင် ချက်တွေကို အမျိုးသားလွှတ်တော်ကို ပြန်လည်ပေး ပို့လိုက်ပြီ၊ အမျိုးသားလွှတ်တော်က အားလုံးသဘော တူပြီး ကျနော်တို့လွှတ်တော်ကို ပြန်လာတယ်၊ အမျိုးသားလွှတ်တော်က သဘောတူတဲ့အ တွက် ပြည်ထောင်စုလွှတ်တော်ကို တက်စရာမ လိုတော့တဲ့အတွက် အတည်ပြုတဲ့ဥပဒေအဖြစ် သတ်မှတ်လိုက်တဲ့သဘောပေါ့၊ ထောင်ဒဏ်က ၃ လကနေ ချလအထိ ချနိုင်တဲ့သဘောရှိပါတယ်၊ ဒဏ်ငွေတော့ မပါတော့ပါဘူး"
ငြိမ်းချမ်းစွာ ဆန္ဒပြဖို့အတွက် သက်ဆိုင်ရာမြို့နယ်ရဲအရာရှိထံက ခွင့်ပြုချက်တောင်းခံရမယ်လို့ မူလဥပဒေမှာ ပြဌာန်း ထားတာကို ဒီနေ့ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာ အသိပေးအကြောင်းကြားဖို့အဖြစ် ပြင်ဆင်သတ်မှတ်ထား ပါတယ်။ အရင်က ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်တစ်သောင်းအဖြစ် ပြစ်ဒဏ်သတ်မှတ်ထားတာကို လည်း ထောင်ဒဏ် ၆ လသာ သတ်မှတ်ပြီး ငွေဒဏ်ကို ဖျက်သိမ်းလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းကို နိုင်ငံတော်သမ္မတဆီတင်ပြပြီး ၁၄ ရက်အကြာမှာ ဥပဒေအဖြစ် အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။