G-4 ဂျက်လေယာဉ် တစ်စီး ပျောက်ဆုံး
2017.09.05

လေတပ်က G-4 ဂျက်လေယာဉ်တစ်စီးဟာ ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ဒီနေ့ ပျံသန်းလေ့ကျင့် စဉ် ပျောက်ဆုံးသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
G-4 ဂျက်လေယာဉ် ၃ စီးဟာ ပုသိမ်လေဆိပ်မှာ စတင်ပျံသန်းလေ့ကျင့်ရာ အဲဒီထဲက လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက် မောင်းနှင်တဲ့ G-4 ဂျက်လေယာဉ်ဟာ မနက် ၉ နာရီ ၁၈ မိနစ်မှာ ပုသိမ်မြို့နဲ့ ၃၆ မိုင်ခန့် အကွာမှာ နောက်ဆုံးအဆက်အသွယ်ရရှိပြီးနောက် ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပျောက်ဆုံးနေတဲ့ G-4 ဂျက်လေယာဉ်ကို မြေပြင်တပ်တွေနဲ့ လေတပ်က လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်းလည်း ပါရှိပါတယ်။