မြန်မာ့ ပြုပြင်ပြောင်းလဲရေး ကမ္ဘာ့နိုင်ငံကြီးများ ဝိုင်းကူမည်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုး ကူညီသွားကြမှာဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက စနေနေ့က ပြောလိုက်ပါတယ်။

2012.05.19

G8 ခေါ် အင်အားကြီး (၈) နိုင်ငံ ဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားက ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေဟာ ရှေ့ကို ဆက်သွားနေလိမ့်မယ်လို့ မိမိတို့ မျှော်လင့်ထားကြောင်း၊ အဲဒီ လုပ်ငန်းစဉ်ကိုလည်း မိမိတို့က တတ်နိုင်သမျှ အားပေးကူညီသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အင်အားကြီး (၈) နိုင်ငံ ခေါင်းဆောင်တွေကလည်း သမ္မတ ဦးသိန်းစိန်နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အားထုတ်ချက်တွေကို ပြောစမှတ် ပြုလောက်တဲ့ စွမ်းဆောင်ချက်တွေအဖြစ် ချီးကျူး ထောပနာပြုလိုက်ကြပါတယ်။

မြန်မာပြည် အပြောင်းအလဲတွေ ရေရှည်တည်တံ့ခိုင်မြဲနေဖို့ လိုအပ်တယ်ဆိုတာ မိမိတို့ အသိအမှတ်ပြုကြောင်း၊ လက်ရှိ အားထုတ်မှုတွေ အထူးသဖြင့် တိုင်းရင်သားဒေသတွေမှာ ငြိမ်းချမ်းမှုရှိရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ အခြေကျ အမြစ်တွယ်ရေး ဆောင်ရွက်မှုတွေအပေါ် မိမိတို့ အားပေးကူညီသွားဖို့ ကတိပြုကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။