အရှင်ဂမ္ဘီရ ကျန်းမာရေး ကောင်းလာပေမဲ့ သွားနာတဲ့ ဝေဒနာ ခံစားနေရ

ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရရဲ့ကျန်းမာရေး အခြေအနေ ကောင်းလာပေမဲ့ သွားနာတဲ့ ဝေဒနာ ခံစားနေရတယ်လို့ စစ်ကိုင်းတိုင်း ကလေး အကျဉ်းထောင်မှာ ဒီနေ့ ထောင်ဝင်စာ တွေ့ခဲ့တဲ့ မိခင် ဒေါ်ရေးက ပြောပါတယ်။

2011.11.11
gambira_family_305px.jpg ၂၀၀၇ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ နှင့် လူထု လှုပ်ရှားမှုကြီး၏ ဦးဆောင် သံဃာတစ်ပါး ဖြစ်သော အရှင်ဂမ္ဘီရ (ယာအစွန်) နှင့် အခြားမိသားစုဝင်များကို ၁၉၉၉ခုနှစ် ဇူလိုင်လက ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပၝသည်။ (ဝဲ မှ ယာ) ဦးဂမ္ဘီရ၏ အစ်မ၊ မယ်တော် ဒေၞရေး၊ အစ်ကို ကိုအောင်ကျော်ကျော်၊ အမည်မသိ သံဃာတစ်ပါးနှင့် အရှင်ဂမ္ဘီရ။ (Photo: RFA)
(Photo: RFA)

ထောင်အာဏာပိုင်တွေက ၁၄ ရက် တစ်ကြိမ် တွေ့ခွင့်ပေးပြီး မိနစ် ၄၀ ကြာ သားနဲ့အမိကြား သံဆန်ခါခြား တွေ့ခဲ့ရချိန်မှာ သွားနာနေတာက လွဲလို့ အရှင်ဂမ္ဘီရ လန်းလန်းဆန်းဆန်း ရှိကြောင်း ဒေါ်ရေးက ပြောပါတယ်။

ထောင်ဝင်စာ တွေ့ချိန်မှာ ထောင်အရာရှိ သုံးယောက် စောင့်နေပြီး တစ်ယောက်က ဒေါ်ရေးနဲ့ ဦးဂမ္ဘီရ ပြောဆိုနေတာကို စာနဲ့ လိုက်မှတ်တယ်လို့ ဆိုပါတယ်။

ဦးဂမ္ဘီရဟာ ထောင်ဒဏ် ၆၈ နှစ် ကျခံနေရတာပါ။ သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လက ထောင်ဝင်စာ တွေ့ချိန်မှာ မိခင်ကို စကားကောင်းကောင်း မပြောနိုင်ဘဲ လျှာလေးအာလေး ဖြစ်နေတဲ့ အကြောင်း အာရ်အက်ဖ်အေက ထုတ်လွှင့်ခဲ့ ပါတယ်။

ဦးဂမ္ဘီရ ခန္တီးထောင်မှာ ရှိတုန်းကလည်း ထောင်အာဏာပိုင်တွေ ရိုက်နှက်တာ ခံခဲ့ရဖူးပါတယ်၊

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာတာ ရှိပေမဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တခြားခေါင်းဆောင်တွေ၊ အရှင်ဂမ္ဘီရလို ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကတော့ အကျဉ်းထောင်ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-29 16:13

အမြန်ဆုံးလွတ်မြောက်ပါစေလို.ဆုတောင်းပါတယ်ဆရာတော်ဘုရား ဦးညွတ်ရိုသေလျှက်ပါ