လုပ်ခလစာ တိုးမြှင့်ရရှိရေး အထည်ချုပ်စက်ရုံ အလုပ်သမား ဆန္ဒပြ

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ စပယ်ပွင့် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

2012.05.14
sabae-garment-protest-b305 လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၄ စပယ်ပွင့် အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ၂၀၁၂ ခုနှစ် မေလ ၁၄ ရက်က ဆန္ဒပြနေစဉ်။
Photo courtesy of သူရမျိုး (YPI)

အခြေခံလုပ်ခလစာဟာ ကျပ်တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်ပဲ ရတဲ့အတွက် လုပ်ခလစာ အခြေခံ သုံးသောင်းကျော်နဲ့ အချိန်ပိုကြေးအပါအဝင် တစ်လကိုအနည်းဆုံး ၇ သောင်းလောက် ရလိုကြောင်း ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

ဒီစပယ်ပွင့်စက်ရုံဟာ တရုတ်ပိုင်စက်ရုံ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လောလောဆယ် အလုပ်သမား ခေါင်းဆောင် ၅ ဦးကိုခေါ်ယူပြီး အလုပ်သမားရေးရာဌာနနဲ့ အလုပ်ရှင်တို့က ညှိနှိုင်းဆွေးနွေး နေတယ်လို့ သိရပါတယ်။

အဲဒီ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၀၀ လောက်ရှိပြီး ဒီကနေ့ အလုပ်သမား အားလုံးနီးပါးက အခုလို အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားတွေက ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။