တရုတ်သို့ ပို့မည့် ဓာတ်ငွေ့ ပိုက်လိုင်းများ ဧရာဝတီမြစ်ကို ဖြတ်တော့မည်

မြန်မာနိုင်ငံက သဘာဝ စွမ်းအင်လောင်စာတွေကို တရုတ်ပြည်ကို ပေးပို့ဖို့အတွက် ရခိုင်ပြည်နယ်ကနေ ပိုက်လိုင်းသွယ်တန်းနေတဲ့ လုပ်ငန်းဟာ အခုအခါ ဧရာဝတီမြစ်ကို ဖြတ်သန်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

2011.03.16
shwe_gas_project_305_z.png ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ
Photo: Shwe Gas Movement

မြန်မာ-တရုတ် ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှစ်လိုင်းကို ဧရာဝတီမြစ်ရဲ့ ကြမ်းပြင်အောက်ကနေ ဖြတ်သန်းဖို့အတွက် မတ်လဆန်းပိုင်းမှာ တရုတ် CNPC ကုမ္ပဏီက စတင် တူးဖောက်ခဲ့ပါတယ်။ ဧရာဝတီ မြစ်ဖြတ် ပိုက်လိုင်းကို မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာအနီး ဧရာဝတီမြစ် အနောက်ဖက်ကမ်းက စတင် တူးဖောက်ခဲ့တာပါ။

 အဲဒီပိုက်လိုင်းတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကနေ စတင်ပြီး တရုတ်ပြည် ယူနန်ပြည်နယ် ရွှေလီမြို့ကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။