ဦးလှဌေးဝင်း ဇေယျာသီရိ မဲဆန္ဒနယ်မှာ လူ ၅ဝဝ လောက်ကို အခမဲ့ဆေးဝါးကုသပေး


2015.08.29
hlahlawin-wife-marmaewai-620 ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့အဖွဲ့ဟာ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ရွာ ဓမ္မသုခလယ်ပြင်ဦးဘုန်းကြီးကျောင်းမှာ သြဂုတ်လ ၂၉ ရက်နေ့က ဒေသခံတွေကို အခမဲ့ဆေးဝါးကုသပေးစဉ်
Photo: Win Ko Ko Latt/RFA

လာမယ့် ရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းဟာ ဇေယျာသီရိ မြို့နယ်၊ ကျောက်ချက်ရွာ ဓမ္မသုခလယ်ပြင်ဦးဘုန်းကြီးကျောင်းမှာ ဒီနေ့ ဒေသခံ ၅ဝဝ လောက်ကို အခမဲ့ဆေး ဝါးကုသပေးခဲ့ပါတယ်။

အဲဒီဆေးကုသမှုအစီအစဉ်မှာ ဘယ်လိုရောဂါတွေကို စစ်ဆေးပေးတယ်ဆိုတာကို ကျောက်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်တင်က အခုလို ပြောပါတယ်။

"ဆေးကုသတဲ့အစီအစဉ်က ရောဂါအနေနဲ့ မျက်စိပါမယ် အထွေထွေရောဂါပါမယ်၊ အမျိုးရောဂါပါမယ်၊ နား နှခေါင်းပါမယ် နောက် အရိုးအကြောပါမယ်ပေါ့၊ အဲ့ဒါတွေကို ကျနော်တို့က ဒေသခံတွေကို ကြိုတင်တင်ပြီးတော့ စာရင်းကောက်ထားတယ်လေ၊ သူတို့ကုသလိုတဲ့ရောဂါတွေပေါ့ ဆေးပေးထားတဲ့ ၅ဝဝ ကျော်ကိုပေါ့ ပေးထားတဲ့ဆေးအတိုင်း မကဘူးလာမယ်၊ ကျနော်တို့ ဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးလှဌေးဝင်း ဇနီးက ဒေါ်မာမာဝေ"

ဒေသခံ ၅၀၀ ကျော်ကို ဆေးကုသမှုတွေပြုလုပ်ပေးခဲ့ပြီး ကုန်ကျစရိတ်တွေအားလုံးကို အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ ဇနီး ဒေါ်မာမာဝေ မိသားစုက အကုန်ကျခံခဲ့တာလို့ သိရပါတယ်။

ဇေယျာသီရိမဲဆန္ဒနယ်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်မျိုးသွင်က ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။