ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁ဝဝ ပြည့် အခမ်းအနား ကျင်းပ


2014.12.07
general-aungsan-100birthday-305 NLD ပါတီက ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်ကျင်း ပရေး ကော်မတီကို ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ ခုမှာ စာပေဟောပြောပွဲတွေ ကျင်းပခဲ့စဉ်
Photo: Kyaw Zaw Win/RFA

ဗိုလ်ချုပ် အောင်ဆန်း  နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ကျင်းပပြီး တက်ရောက်ကြသူတွေက ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကျောင်းသားပြည်သူ အားလုံး သတိတရရှိစေဖို့အတွက် ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အခမ်းအနားတွေကို ၂ဝ၁၅ ခုနှစ် တစ်နှစ်လုံး နေရာအနှံအပြားမှာ ကျင်းပသွား မှာဖြစ်တယ်လို့ ဒီနေ့ မနက်က အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တဲ့ NLD  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးညီပုက ပြောပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁ဝဝ ပြည့်ကျင်းပတဲ့ ပန်းရဲ့လမ်းဂီတအဖွဲ့ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့ အနေနဲ့သွားရောက်ခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံအားပေးခဲ့ပါတယ်။

NLD ပါတီက ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်ကျင်းပရေး ကော်မတီကို ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်းဒေသ ကြီး ခရိုင် ၄ ခုမှာ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲတွေ၊ တေးဂီတဖျော်ဖြေပွဲတွေကို ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ကျင်းပနေတာဖြစ်ပါတယ်။

ဦးညီပုကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။