ရွှေစင်ရွှေတုံးတွေကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြု


2017.08.08
gold-622.jpg ရွှေတုံးတွေကို တွေ့ရစဉ်
.

စိန်နဲ့မြ ကို အထူးကုန်စည်ခွန်ကောက်ခံရာကနေ ကင်းလွတ်ခွင့်ပြုဖို့နဲ့ ရွှေစင်ရွှေတုံးတွေကို ကုန်သွယ်လုပ်ငန်းခွန် ကနေ ကင်းလွတ်ခွင့်ပြုဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

စိန်နဲ့ မြတွေဟာ မြန်မာနိုင်ငံကနေ ထုတ်လုပ်နိုင်မှုမရှိတဲ့အတွက် အထူးကုန်စည်ခွန်ကနေ ကင်းလွတ်ခွင့်ပြု တာဖြစ်ပြီး ရွှေစင်ရွှေတုံးတွေကိုတော့ နိုင်ငံတကာပုံစံအတိုင်း အခွန်မကောက်ဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ပြည်တွင်းမှာ ကျောက်သွေးလုပ်ငန်း၊ အချောထည်လုပ်ငန်း ဖွံ့ဖြိုးစေချင်တာကြောင့် စိန်နဲ့မြကို အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ပြုသလို ရွှေစင်ရွှေတုံးတွေရဲ့ ဈေးနှုန်းကိုလည်း ကမ္ဘာ့ဈေးကွက်ထက် မမြင့်မားစေချင်တာကြောင့်ဖြစ် တယ်လို့ ဦးမောင်မောင်ဝင်း ကပြောပါတယ်။

လက်ရှိမှာ စိန်နဲ့မြကို အထူးကုန်စည်ခွန်အနေနဲ့ အချောထည်အနေနဲ့ အခွန် ၁၅ ရာခိုင်နှုန်း၊ အရိုင်းထည်ကို ၁၀ ရာခိုင်နှုန်းကောက်ခံနေပြီး ရွှေစင်ရွှေတုံးကို ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်ခံနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။