စဉ့်ကူးမှာ ပိတ်မိနေတဲ့ ရွှေလုပ်သား ၁၀၀ ကျော် လွတ်မြောက်


2014.08.02
gold-mine-305.jpg ရဲဖမ်းဆီးမှုကြောင့် ဇူလိုင်လ ၂၈ ရက်နေ့က မန္တလေးတိုင်း၊ ကံတောင်ကျေးရွာက ရွှေလုပ်သားတွေ ပုန်းအောင်းနေတဲ့ တွင်းကို တွေ့ရစဉ်
Photo: Hset Paing Toe/RFA

ဇူလိုင်လ၂၈ရက်နေ့က မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာက ရွှေလုပ်သား များ ရွှေတွင်းတူးဖော်ရေးလုပ်ငန်းကို ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့ဝင်တွေက တရားမဝင်လုပ်ငန်းဆိုပြီး ဝင်ရောက် ဖမ်းဆီးတဲ့အတွက် ရွှေတွင်းထဲပိတ်မိနေတဲ့ လုပ်သား တစ်ရာကျော်ဟာ ဇူလိုင်လ ၃၁ရက်နေ့က တွင်းထဲကနေ ထွက်ခွင့်ရခဲ့ကြပါတယ်။

ပြန်ထွက်ခွင့်ရလာတာနဲ့ ပတ်သက်ပြီး ပိတ်မိခံရတဲ့အထဲ ပါဝင်တဲ့ ရွှေတွင်းလုပ်သား ကိုညိုဝင်းက အခုလိုပြော ပါတယ်။

"၂၉ ရက်နေ့က ဖမ်းတယ်လို့ကြားတော့ တွင်းထဲကနေ အပေါ်ကိုမတက်ရဲတာပေါ့၊ တကယ်တော့ သူတို့က မဖမ်းဘူးလို့တော့ပြောပါတယ်၊ အောက်ထဲကို ဆင်းပြီးခေါ်ခိုင်းတယ်၊ အကုန်လုံး ၃၁ ရက်နေ့ မနက်တက်လာတယ်"

အဲဒီရွှေအင်းကို မခိုင်ဆိုသူက ပိုင်ဆိုင်ပြီး ပြီးခဲ့တဲ့ ၅ နှစ်လောက်ကတည်းက သတ္တုတွင်းဝန်ကြီးဌာနရဲ့ တရားဝင်ခွင့်ပြုချက်မရဘဲ လုပ်ကိုင်ခဲ့တာဖြစ်ကြောင်း၊ လက်ရှိမှာအဲဒီပိုင်ရှင်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားမဝင် သတ္တု တူးဖော်မှုဥပဒေ ၃၀ (ခ) အရ အမှုဖွင့်ထားတာကြောင့် တွင်းပိုင်ရှင် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရပါတယ်။

ပိတ်မိနေတဲ့အင်းက လွတ်မြောက်လာကြတဲ့ လုပ်သားတွေကိုတော့ ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့က အရေးမယူဘူးလို့ သိရပါတယ်။

ရွှေတွင်းလုပ်သား ကိုညိုဝင်းကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။