သုံးနှစ်အတွင်း ရွှေဆိုင်နဲ့ဘဏ် လုယက်ခံရမှု တစ်ရာနီးပါး ရှိ

RFA Burmese
2024.02.20
သုံးနှစ်အတွင်း ရွှေဆိုင်နဲ့ဘဏ် လုယက်ခံရမှု တစ်ရာနီးပါး ရှိ မန္တလေးမြို့ ဆယ်သန်းရွှေဆိုင်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်။
Citizen Journalist

အာဏာသိမ်း သုံးနှစ်အတွင်းမှာ ရွှေဆိုင်နဲ့ဘဏ်တွေ လုယက်ခံရမှုပေါင်း ၈၂ ခုအထိ ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ Data for Myanmar က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ ရွှေဆိုင် လုယက်ခံရမှု ၅၇ ခု၊ ဘဏ်အဆောက်အအုံထဲမှာ ဝင်‌ရောက်လုယက်ခံရမှု ၂၅ ခု ရှိခဲ့တယ်လို့ဆိုပါတယ်။

ဘဏ်လုယက်ခံရမှုတွေဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ခဲ့ပြီး တဖြည်းဖြည်း လျော့နည်းသွားတယ်လို့ Data for Myanmar က ဖော်ပြထားပါတယ်။

ရွှေဆိုင် လုယက်ခံရမှုတွေကတော့ တစ်လကို အနည်းဆုံး တစ်ကြိမ်ရှိနေပြီး မန္တလေးမြို့က ၁၂ ကြိမ်၊ ရန်ကုန်မြို့က ခြောက်ကြိမ်၊ ဖားကန့်မြို့က သုံးကြိမ်နဲ့ အများဆုံး ပါဝင်နေတာကို တွေ့ရပါတယ်။

နောက်ပြီး ရွှေဆိုင် လုယက်ခံရမှုတွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုသာ ဖမ်းဆီးအရေးယူနိုင်ထားတာ တွေ့ရတယ်လို့ Data for Myanmar က ရေးသားထားပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်က ဆယ်သန်းရွှေဆိုင်ကို ဆိုင်ကယ်နဲ့ အမျိုးသားသုံးဦးက သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။