ဝ တပ်စခန်းကို ဆုတ်ခွာဖို့ အစိုးရတပ် အမိန့်ပေး


2013.07.03

ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် အတွင်းမှာရှိတဲ့ UWSA  ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က စခန်းတစ်ခုကို အစိုးရတပ်ဖက်က ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ရာမှာ UWSA ဖက်က ဆုတ်ပေးခြင်းမရှိတဲ့အတွက် အစိုးရတပ်တွေ UWSA စခန်းကို ိုင်းထားပြီး စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေတယ်လို့ နယ်စပ်သတင်းတွေအရ သိရပါတယ်။

အစိုးရတပ်တွေ ိုင်းထားတဲ့ ဝ တပ်စခန်းကတော့ ရှမ်းပြည်တောင်ပိုင်း တာချီလိတ်ခရိုင် မိုင်တုံမြို့နယ်မှာရှိတဲ့ လွိုင်ကောင်းမူး တပ်စခန်းဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့တွေ စစ်ရေးတင်းမာမှုရှိနေကြောင်း UWSA ကပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က အတည်ပြုပြောဆိုပါတယ်။

တပ်က ဒီမသွားရ၊ ဟိုမသွားရနဲ့ ပိတ်ဆို့မှုလေးတွေ နည်းနည်းရှိနေတယ်”

ရှမ်းပြည်နယ် သံလွင်မြစ်အရှေ့ခြမ်းက ထိုင်းမြန်မာနယ်စပ် ပုံကျင်အခြေစိုက် အစိုးရတပ်ရဲ့ စစ်ဗျူဟာမှူးကနေပြီး ဇွန်လ ၂၇ ရက် ကြာသပတေးနေ့က သူ့နယ်မြေအတွင်းမှာရှိတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ တပ်စခန်းအကြီး၊ အငယ် စာရင်းအားလုံးပြုစုပေးဖို့  တောင်းဆိုခဲ့ပြီး ဝ တပ်စခန်းတချို့ကိုလည်း ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဝ တပ်ဖွဲ့က သူတို့စခန်းဆုတ်ခွာပေးဖို့ ငြင်းဆိုခဲ့ရာ သံလွင်မြစ် တာ့ဆန်းတံတားကနေတဆင့် လက်နက်ကြီးမျိုးစုံအပါအဝင် အစိုးရတပ်ဖက်က စစ်ကားအစီး ၂ဝ နဲ့တပ်တွေ ရောက်ရှိလာပြီး မိုင်တုံမြို့နယ်တောင်ဖက် ၁ဝ မိုင်ခန့်အကွာမှာရှိတဲ့ UWSA တပ်စခန်းကို ယနေ့အချိန်ထိ ိုင်းထားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဝ တပ်ဖွဲ့ဝင်တွေရဲ့ သွားလာမှုတွေကို အစိုးရတပ်ဖက်က ကန့်သတ်ထားပြီး နှစ်ဖက်တင်းမာမှုတွေရှိလာတဲ့အတွက် နေပြည်တော်ကို တင်ပြထားတယ်လို့ ဦးအောင်မြင့်က ဆက်ပြောပါတယ်။

"လွန်ခဲ့တဲ့အပတ်က နေပြည်တော်ကိုတင်ထားတယ်၊ တိတိကျကျအဖြေတော့ မရသေးဘူး၊ တွေ့ဆုံဆွေးနွေးမယ်လို့လည်း ကြားနေရတယ်၊ ဒါကတော့ ဆွေးနွေးပြီးတော့မှ ပြောလို့ရမယ့် ကိစ္စတွေပါ"

UWSA နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ စစ်ရေးသတိရှိကြဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့သိရပြီး လောလောဆယ် ဆက်ဆံရေးရုံးတွေ ပိတ်ထားလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကိုတော့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပန်ဆန်းဌာနချူပ်ကိုခေါ်ပြီး အစည်းအဝေး ထိုင်နေတာသာဖြစ်တယ်လို့ ပြောဆိုပါတယ်။ WSA ဝ တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် မေလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကနေ ခွဲထွက်ခဲ့ပြီး နဝတ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။