အစိုးရနဲ့ UNFC တို့ လာမယ့် ၂ လအတွင်း ထပ်မံဆွေးနွေးမည်


2013.02.20

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က နိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Holiday Inn ဟော်တယ်မှာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပြီးတဲ့အခါ နှစ်ဖက်နားလည်မှု ပိုမိုရလာကြောင်းနဲ့ နောက်တကြိမ် ဆွေးနွေးပွဲကိုလည်း နှစ်လအတွင်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဖေဖေါ်ဝါရီလ  ၄ ရက်နေ့မှာ KIO နဲ့ အစိုးရတို့ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီးကတည်းက ကချင်ဒေသမှာ တိုက်ပွဲတွေ တော်တော်အေးချမ်းသွားပြီဖြစ်ကြောင်း ဦးအောင်မင်းက ပြောပါတယ်။

ဒီကနေ့တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့က ဝန်ကြီးများဖြစ်တဲ့ ဦးခင်ရီနဲ့ ဦးအုန်းမြင့်၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့နဲ့အတူ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များဖြစ်ကြတဲ့ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်စတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

UNFC အဖွဲ့ကတော့ နိုင်ဟံသာနဲ့ KIA က ဒေါက်တာလဂျာတို့က ဦးဆောင်ပြီး KNU က ဖဒိုဒေါ့လေးမှု၊ KNPP က ခူးဦးရယ်၊ ဦးအောင်ဆန်းမြင့်နဲ့ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာစတဲ့ ကိုယ်စားလှယ် ၁၂  ဦး တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးညိုအုန်းမြင့်ကို RFA  ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။