ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွား


2015.11.04
tnla-620 ရှမ်းပြည်မြောက်ပိုင်းက TNLA တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်အဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ လုံခြုံရေးယူနေတဲ့ တပ်ဖွဲ့ဝင်တချို့ကိုတွေရစဉ်
Photo: RFA

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ မိုင် ၂၀ အကွာလောက်မှာ အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲတွေဖြစ်ပွား နေတယ်လို့ TNLA က ပြောပါတယ်။ ကွတ်ခိုင်မြို့နယ် လုံကန်ရွာနဲ့ နမ့်ပုန်ချောင်းနားမှာ ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားနေတာလို့ TNLA ပြောခွင့်ရသူ ဗိုလ်ကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

"ဟုတ်ကဲ့၊ မနေ့က ကွတ်ခိုင်မြို့နယ် မန့်ပူးရွာနားမှာဖြစ်တယ်၊ ဒီနေ့ ၁၁ နာရီလောက်ကစတယ်၊ ခုချိန်ထိမပြီးသေးဘူး၊ လုံကန်ရွာနဲ့ နမ့်ပုန်ချောင်းနားမှာပါ"

အစိုးရတပ်မတော် တပ်မ ၉၉ လက်အောက်ခံက တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် မန့်ပူးရွာနား မှာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းဘက်မှာလည်း အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်လနီးပါးရှိနေပြီး ဒုက္ခသည် လေးထောင်ကျော်လောက်လည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အစိုးရ ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ NCA စာချုပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ လက်မှတ်မထိုး ရသေးတဲ့ SSPP/SSA ၊ TNLA တပ်တွေနဲ့ တိုက်ပွဲတွေ ရင်ဆိုင်ဖြစ်ပွားနေတာပါ။

TNLA ပြောခွင့်ရသူ ဗိုလ်ကြီးမိုင်းအိုက်ကျော်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။