တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှု အစိုးရနဲ့ ကေအိုင်အေ အရေးပေါ်တွေ့ဆုံ


2015.04.27
kia-govt-emergency-meeting-305.jpeg မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေးအလုပ်အဖွဲ့ရုံးမှာ ဧပြီလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အစည်းအဝေးမှာ အစိုးရ နဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေအကြား ဖားကန်နဲ့ တနိုင်းဒေသတွေမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာ တာကြောင့် နှစ်ဘက်အရေးပေါ် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို မြစ်ကြီးနားမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေကို နှစ်ဘက်သွားရောက် ကြည့်ရှုစစ်ဆေးဖို့ သဘောတူညီလိုက်ကြပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ ပတ်သက်လို့ သဘောထားအမြင်တချို့ မတူညီ တာကြောင့် ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်သွားဖို့ ညှိနှိုင်းသဘောတူညီခဲ့ကြတာလို့ KIA ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် က ပြောပါတယ်။

KIA ထိန်းချုပ်နယ်မြေအတွင်း အစိုးရစစ်တပ်ဘက်က နယ်မြေချဲ့ထွင်လာတဲ့ကိစ္စနဲ့ မြေပြင်စစ်ဆေးမှုတွေ အပြီးမှာ အစိုးရတပ်ဖွဲ့တွေ ပြန်ဆုတ်ပေးရေးကိစ္စတွေ ကိုလည်း တင်ပြခဲ့တယ်လို့ ဗိုလ်မှူးကြီးဇော်တောင် က ပြောပါတယ်။

ဗိုလ်မှူးကြီးဇော်တောင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။