အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့များ ၃ ရက်ကြာ ဆွေးနွေးပွဲ ပြီးဆုံး


2014.08.17
ncct-meeting-305 တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ သြဂုတ်လ ၁၇ ရက်နေ့က ၃ ရက်ကြာဆွေးနွေးအပြီးမှာ တွေ့ရစဉ်
Photo: Myo Zaw Ko , Sann Maw Aung / RFA

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ရှေ့ လာမယ့် စက်တင်ဘာလထဲမှာ အပြီးသတ် ဆက်လက်ဆွေးနွေး ဖို့ရှိသေးကြောင်း နှစ်ဖက်ခေါင်းဆောင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဟာ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၃ ရက်ကြာဆွေးနွေးပွဲအပြီး  ကြေညာလိုက် တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်ဆွေးနွေးမှှုဟာ အောင်မြင်မှု အများကြီး ရရှိခဲ့ကြတယ်လို့ ပြောပါတယ်။ တိုင်းရင်း သားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး စတဲ့အချက်တွေကိုလည်း သဘောတူညီမှှု ရရှိခဲ့ ပါတယ်။

လာမယ့် စက်တင်ဘာလမှာ နှစ်ဖက်ကျန်နေသေးတဲ့ အသေးစိတ်အချက်အလက်တွေကို အပြီးသတ် ဆွေးနွေး သွားမှာဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးနိုင်ဟံသာတို့က အခုညနေကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ကြပါတယ်။

ဒါ့အပြင် ရှေ့လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်အဖွဲ့အစည်း ဘယ်ပါတီတွေ ပါဝင်ကြမလဲ၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဘယ်နှစ်ဖွဲ့က လက်မှတ်ရေးထိုးမလဲ ဆိုတာတွေ ကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။