စီမံကိန်း အရည်အသွေးပြည့်မီရေး ကွင်းဆင်းတွေ့ရှိချက် တင်ပြ
2014.10.13

အစိုးရဘက်ဂျက်နဲ့ ဆောက်လုပ်နေတဲ့ အဆောက်အဦး၊ လမ်းတံတားစတဲ့ လုပ်ငန်းတွေရဲ့ အရည်အသွေးပြည့် မှီဖို့ လိုအပ်ပုံတွေနဲ့ ပတ်သက်ပြီး ကွင်းဆင်းလေ့ လာတွေ့ရှိချက်တွေကို လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက အမျိုးသားလွှတ်တော် ညွန်ကြားရေးမှူးချုပ်ထံ ဒီကနေ့ တင်သွင်းခဲ့ကြပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၈ ခုမှာ မိမိတွေ့ရှိခဲ့တာတွေကို လွှတ်တော်မှာ တင်ပြမယ်လို့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်မြေရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက RFA ကိုပြောပါတယ်။
"လောင်းရှည်မှာရှိတဲ့ ဧရာဝတီကုမ္ပဏီကလုပ်တဲ့ သိန်း ၁ဝဝ၈ သိန်း သုံးပြီးတော့ဆောက်တဲ့ အထက် တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်ပေါ့၊ တိုင်အလုံး ၅ဝ အကုန်လုံးဆက်ထားတယ်၊ ဆင်စွယ်ဆိုတဲ့ ရွာရောက်တော့ သိန်း ၁၂ဝဝ နဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲဆောက်တာ ဖောင်ဒေးရှင်းက ၁ ပေပဲရှိတယ်၊ ကျနော်ပေးကြိုးနဲ့ တိုင်းကြည့်တာ၊ ဖျက်မလား၊ Black List သွင်းရမလားဆိုတော့ ဖျက်ပါမယ်တဲ့၊ ခဏနေလာ ကြည့်မယ်၊ ပြန်လာတော့ သူတို့ဖျက်နေတာတွေ့တယ်"
အစိုးရရဲ့ စီမံကိန်းအဆောက်အဦး လုပ်ငန်းအများစုဟာ ကျပ်သိန်းပေါင်း ထောင်နဲ့ချီတဲ့လုပ်ငန်းတွေဖြစ်ကြပြီး အရည်အသွေးပြည့်မီခြင်းမရှိဘဲ အစိုးရဘဏ္ဍာငွေ အလွဲသုံးစားပြုမှုတွေ ရှိနေတဲ့အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ သီတင်းကျွတ်ကာလ လွှတ်တော်ရပ်နားချိန်အတွင်း သွားရောက်လေ့လာကာ ပြန်လည် တင်ပြကြဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြီးခဲ့တဲ့လအတွင်း အမျိုးသားလွှတ်တော် အစည်းအဝေး မှာ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။