ပလက်ဝ စစ်ဘေးဒုက္ခသည်တွေ တစ်ပတ်အတွင်း နေရပ်ပြန်ကြဖို့ ညွှန်ကြား


2015.05.15
rakhine-refugees-305.jpg ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တချို့ကိုတွေ့ရစဉ်
Photo: Zaw Win

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ဆိုကျေးရွာ ကနေ ကြွေတောင်ကျေးရွာကို ရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည် ၃ဝဝ ကျော်ကို အစိုးရတပ်မတော် ခလရ-၂၈၉ တပ်ရင်းဗျူဟာမှူးက လာမယ့်မေလ ၁၈ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း မိမိတို့နေရပ်ကို အပြီးပြန်ကြဖို့ အကြောင်းကြားထားပါတယ်။

ပြိုင်ဆိုကျေးရွာအနီးမှာ အခြေအနေတွေ မတည်ငြိမ်သေးတာကြောင့် အခုလက်ရှိနေရာမှာပဲ ဆက်လက်နေထိုင် ခွင့်ပြုဖို့ ပလက်မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြထားတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပလက်ဝမြို့အခြေစိုက် ခူမီးလူငယ်အသင်းဥက္ကဌ ဦးစတီဗင်က ပြောပါတယ်။

"သူတို့က အခုအချိန်တော့ ပြန်လို့မဖြစ်သေး ဘူး၊ ပြန်လို့မဖြစ်သေးဘူးဆိုတာက ဒီလထဲမှာပဲ ၁ဝ ရက်နေ့ တိုက်ပွဲဖြစ်တာနဲ့ သေနတ်သံတွေ ကြားနေရသေးတယ်၊ နောက်ပြီးဒီဒေသတဝိုက်မှာ လည်း မြေမြုှပ်မိုင်းတွေကလည်း ထောင်ထားတာတွေရှိတယ်၊ သွားတာလာတာတွေ သတိထားဖို့ပြောထား တာလည်းရှိတယ်၊ ပြီးရင် နှစ်ဖက်လက်နက်ကိုင်တပ်များက စစ်ရေးလှုပ်ရှားလာပြီဆိုရင် သူတို့ကို အတင်း အကြပ် လမ်းပြခေါ်တာတို့ နောက်ကင်းတို့ဘာတို့ ညစောင့်ခိုင်းတာတို့ရှိတယ်လေ၊ အဲ့ဒါတွေပြန်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက်ကြောင့် ယာယီခိုလှုံတဲ့နေရာမှာပဲ ဆက်လက်နေထိုင်ခွင့်ပြုဖို့ဆိုတာ သူတို့စာတင်တယ်"

ပြိုင်ဆိုကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ပြီးခဲ့တဲ့ မတ်လကုန်နဲ့ ဧပြီလ ဒုတိယပတ် အတွင်းက တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပြိုင်ဆိုရွာခံအမျိုးသားတစ်ဦး ဒီနေ့အချိန်အထိ ပျောက်ဆုံးနေ တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ပြိုင်ဆိုရွာက လူဦးရေ ၃ဝဝ ကျော်ဟာ ခြေကျင်နှစ်ရက်ခရီးရှိတဲ့ ကြွေတောင်ကျေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။