အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ပဒိုစောတာဒိုမူး ဦးဆောင်တက်ရောက်မည်


2019.04.10
sawtardohmu-622.jpg KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူး ကို တွေ့ရစဉ်
Photo: Aung Moe Myint/ RFA

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ NRPC၊ တပ်မတော်ညှိနှိုင်းရေးအဖွဲ့တို့နဲ့ သီးခြားစီ တေ့ွဆုံဆွေးနွေးပွဲတွေကို ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး ဦးဆောင်ပြီး တက်ရောက်မယ်လို့ KNU က သတင်းထုတ်ပြန်လိုက်ပါတယ်။

ပဒိုစောတာဒိုမူး ဦးဆောင်တဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့ဟာ မနက်ဖြန် နေပြည်တော်မှာ NRPC ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှာဖြစ်ပြီး တရားဝင်ဆွေးနွေးပွဲတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းထားရတဲ့ အခြေခံအကြောင်းတရားတွေအပြင် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် တပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုတွေနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းတရားတွေကို အဖြေရှာပြီး ရှေ့ဆက် တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်ရေးကို တပ်မတော်ဘက်က ညှိနှိုင်းရေးအဖွဲ့နဲ့ ဧပြီ ၁၂ ရက်နေ့မှာ တေ့ွဆုံဆွေးနွေးမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကေအန်ယူဘက်က တွဲဘက်အတွင်းရေးမှူး ၂ ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောဆဲဂေ၊ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ် စောတာမလာသော နဲ့ ဗိုလ်မှူး စောတာမူလာတု့ိ ပါဝင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။