တပ်မတော်နဲ့ SSPP တိုက်ပွဲကြောင့် ကျေးရွာသား နှစ်ရာခန့်ထွက်ပြေးနေရ


2019.08.07
sspp-ssa-622.jpg ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်မှာ မနေ့က အစိုးရတပ်မတော်နဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ တပ်တွေ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲကြောင့် အနီးအနားကျေးရွာတွေက ရွာသား နှစ်ရာကျော် တန့်ယန်းမြို့နယ်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။

ထွက်ပြေးလာသူတွေဟာ ရှမ်းနဲ့ တအာင်းပလောင် တိုင်းရင်းသားတွေဖြစ်ပြီး၊ အများစုဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

SSPP ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး စိုင်းဆုကို RFA က ဆက်သွယ်မေးမြန်းရာမှာ- မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်အဖြစ် ခရီးသွားတွေကို စစ်ဆေးရာကနေ တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိုက်ပွဲဖြစ်ပွားတာကို အတည်ပြု ပြောဆိုပေမယ့် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

SSPP အဖွဲ့ဟာ အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲထားပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။