အစိုးရတပ်နဲ့ DKBA ကြား တိုက်ပွဲပြန်ဖြစ်


2015.07.03
dkba-620.jpg DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ်
Photo: Kyaw Lwin Oo/RFA

မြဝတီနဲ့ ကော့ကရိတ် ဆက်သွယ်ထားတဲ့ အာရှလမ်းသစ်အနီးမှာ အစိုးရတပ်ဖွဲ့တွေနဲ့ DKBA တပ်ဖွဲ့တွေ မနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုတွေရှိတယ်လို့ DKBA တပ်ဖွဲ့က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာဟာ အစိုးရစစ်တပ်က လူကြီးလမ်းကြောင်းရှိတဲ့အတွက် အာရှလမ်းသစ်မှာ တပ်စွဲထားတဲ့  DKBA တပ်ကို ဖယ်ခိုင်းရာမှာ၊ DKBA က ငြင်းဆန်ခဲ့တဲ့အတွက်ဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောပါတယ်။

"လုံခြုံရေးယူပြီးမပြန်မှာ ကျနော်တို့က စိုးရိမ်တယ်၊ သူတို့နေရာယူလိုက်လို့ရှိရင် မပြန်တော့ဘူး၊ ဟိုတလော ကယူတယ်၊ နှစ်ရက် သုံးရက်ဆိုပြီး ဆယ်ရက် ဆယ့်ငါးရက်ကြာသွားတယ်၊ အဲ့ဒါတွေကျနော်တို့စိုးရိမ်တယ်၊ ကျနော်တို့မြို့ထဲမှာ ဖြတ်သွားဖြတ်လာလည်းမရ ဒီတောတောင်ထဲမှာလဲ နေလို့မရဘူးဆိုတော့ ဘယ်လိုပြော ရမလဲ ဖိနှိပ်မှုအဲ့လိုခံရတာတွေကို တုန့်ပြန်တာပေါ့"

အစိုးရတပ် စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၁ က လက်နက်ကြီးနဲ့ စပစ်ပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်ပွား ခဲ့တာလို့ ဆိုပါတယ်။

DKBA ဘက်က ၃ဦးဒဏ်ရာရရှိခဲ့ပြီး အစိုးရတပ်ဘက်မှာလည်း အထိအခိုက်ရှိနိုင်ပေမဲ့၊ အတိအကျမသိရဘူးလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် အာရှလမ်းသစ် မနေ့က စတင်ပိတ်သွားခဲ့ပြီး ခရီးသွားတွေ လမ်းဟောင်းကသာ သွားလာနေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။