အစိုးရနဲ့ KIA မန်ဝိန်းကြီးမှာ တိုက်ပွဲဖြစ်


2016.05.17
govt-army-620.jpg ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်
Photo: Kyaw Myo Min/ RFA

ဒီနေ့ မနက်ပိုင်းက တရုတ်မြန်မာနယ်စပ်ဒေသ မံစီမြို့နယ် မန်ဝိန်းကြီးရွာအနီးမှာ ကေအိုင်အို တပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၂၇ နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲဖြစ်ကြောင်း နယ်စပ်သတင်းတွေအရ သိရပါတယ်။  ကေအိုင်အို တပ်မဟာ ၃ အရာရှိတစ်ယောက်က လာရောက် တိုက်ခိုက်တဲ့ အစိုးရတပ်ဖွဲ့ဝင် ၅ဝဝ ခန့် ရှိတယ်လို့ ပြောပါတယ်။

"အူလန်ပါ မှာ ပလောင်ဒိန်ဆာနဲ့ နမ်ဆာကြားမှာ တပ်ရင်း ၂၇မှာ ၊ ၁၁ နာရီလောက် သူတို့တက်လာ တယ်။ လူကတော့များတယ်လေ ပလောင်ဒိန်ဆာ ဟိုဘက်ထိပ်ကနေ တက်လာတယ်။ လေးငါးရက်ရှိပီ ။ မန်ဝိန်း၊ ကိုက်ထိပ်၊ ပလောင်ဒိန်ဆာ များတယ်လူတွေက လေးငါးရာလောက်ရှိတယ်"

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ အခုထိ အသေအချာ မသိရသေးဘူးလို့လည်း တပ်မဟာ ၃ အရာရှိကပြောပါတယ်။ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှုးကြီးနော်ဘူ ကတော့ အဲဒီဒေသမှာ အစိုးရတပ်တွေ အများအပြားရှိနေတာကြောင့် တိုက်ပွဲတွေ နောက်ထပ် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

"ဒီကနေ့ဖြစ်တဲ့နေရာကတော့ အူလန်ပါ ဆိုတဲ့နေရာမှာ ဖြစ်တယ်လို့ ကြားတယ်၊ အူလန်ပါကတော့ မန်ဝိန်းကြီးနားလောက်မှာ ကျမှာပေါ့ မနေ့ကလည်း ဖြစ်တယ်လို့ကြားတယ်၊ ဖြစ်တော့ ဖြစ်မှာပါ ဘာလို့လဲ ဆိုတော့ တပ်မတော်ဘက်ကလည်း သူတို့ထိုးထားတဲ့ စစ်ကြောင်းတွေကတော့ အခုထက်ထိ မသွားဘူး အားလုံးက တောထဲမှာပဲ ဆက်နေတယ်လို့ကြားတယ်"

ကေအိုင်အို တပ်မဟာ ၂ နယ်မြေ ဖားကန့်ကျောက်စိမ်းဒေသမှာလည်း အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေနဲ့ KIA တိုက်ပွဲတွေဖြစ်ခဲ့သလို ဖားကန့်မြို့ပေါ်တွေမှာလည်း ဗုံးတချို့ပေါက်ကွဲခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။