နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ရေးအတွက် သုံးပွင့်ဆိုင်ဆွေးနွေး


2017.11.17
govt-party-nca-sign-orgs-meeting-622.JPG အစိုးရ၊ နိုင်ငံရေးပါတီနဲ့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့က ကိုယ်စားလှယ်တွေ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ရေး သုံးပွင့်ဆိုင်အစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော် NRPC မှာကျင်းပစဉ်
Photo: Win Ko Ko Latt/RFA

အစိုးရ၊ နိုင်ငံရေးပါတီနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၈ ဖွဲ့က ကိုယ်စားလှယ်တွေပါဝင်တဲ့ နိုင်ငံရေး မူဘောင် ပြန်လည်သုံးသပ်ရေး သုံးပွင့်ဆိုင်အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ စတင်ကျင်းပနေပါတယ်။

အစည်းအဝေးကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်က ကိုယ်စားလှယ် ၈ ဦး၊ နိုင်ငံရေးပါတီကိုယ်စားလှယ် ၈ ဦး၊ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ် ၈ ဦးနဲ့ UPDJC အတွင်းရေးမှူး ၅ ဦး စုစုပေါင်း ၂၉ ဦး တက်ရောက်ပါတယ်။

သုံးရက်ကြာကျင်းပမယ့် ဒီအစည်းအဝေးက ဆွေးနွေးချက်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို တင်သွင်းရမှာဖြစ်ပြီး UPDJC အစည်းအဝေးက အတည်ပြုတဲ့ အချက်တွေကို လာမယ့် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလမှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ပင်လုံညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍငါးခု သဘောတူညီမှုရခဲ့ပေမယ့် ဆုံးဖြတ်ချက်ချတဲ့ လုပ်နည်းလုပ်ဟန်ပိုင်းမှာ အားနည်းချက်ရှိတယ်လို့ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။

နိုင်ငံရေးဆွေးနွေးမှုမူဘောင်မှာ အခန်းကိုးခန်း ပါဝင်ပြီး အခြေခံမူ၊ နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်များ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ စသဖြင့်ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။