တိုင်းပြည်သယံဇာတများ စနစ်တကျသုံးစွဲဖို့ ပညာရှင်များနဲ့ ဒေသခံများဆွေးနွေး

တိုင်းပြည်သယံဇာတများ စနစ်တကျသုံးစွဲရေး ဝိုင်းဝန်းကြိုးပန်းဖို့ ပညာရှင်များနဲ့ ဒေသခံများ ဒီကနေ့ပြုလုပ်တဲ့ မြန်မာ့အစိမ်းရောင်ကွန်ရက် ဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးကြပါတယ်။

2012.11.24

ပုပ္ပားတောင်ကလပ်အနီး မကျည်းချောင်းရွာ ဘုန်းကြီးကျောင်းမှာပြုလုပ်တဲ့ မြန်မာ့အစိမ်းရောင်ကွန်ရက် ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဘာသာရပ်အလိုက် ပညာရှင်များ စိတ်ဝင်စားသူပြည်သူများ ၁၃ဝလောက် တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်း ဆွေးနွေးပွဲမှာ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်နဲ့ ဆွေးနွေးတယ်လို့ မြန်မာ့အစိမ်းရောင်ကွန်ယက်က ဒေါ်ဒေဝီသန့်စင်ကပြောပါတယ်။

ဆွေးနွေးပွဲမှာ ကျောက်မီးသွေး၊ ကြေးနီနဲ့ ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းများနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး လုပ်ငန်းတွေကို ပညာရှင်များကတင်ပြပြီး တက်ရောက်လာသူဒေသခံတွေက ဆွေးနွေးကြပါတယ်။ တဆက်တည်း မြေဆီလွှာထိန်းသိမ်းရေး၊ အောဂဲနစ် သီးနှံများ စိုက်ပျိုးရေးများအပြင် ဇီဝမျိုးစုံထိန်းသိမ်းရေး အစားထိုးလောင်စာ အသုံးပြုခြင်းစတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲများကို မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတထံ စာတစ်စောင်ရေးသား ပေးပို့ဖို့ရှိတယ်လို့ဆိုပါတယ်။ ဒီဆွေးနွေးပွဲဖြစ်မြောက်အောင်  Spectrum  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး NGO အဖွဲ့က စီစဉ်ပေးတာလို့သိရပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မြန်မာ့အစိမ်းရောင်ကွန်ရက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဒေါ်ဒေဝီသန့်စင် ကို RFA ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။