တပ်အာဏာကြီးမားမှုဟာ မွတ်စလင်ပြဿနာဖြေရှင်းဖို့ အဓိကအတားအဆီးလို့ ကုလအတွင်းရေးမှူးချုပ်ပြော


2018.07.03
unsc-minaunghlaing-622.jpg ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်
Photo: Senior General Min Aung Hlaing - facebook

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားတဲ့ အချက်ဟာ ရိုဟင်ဂျာပဋိပက္ခ ဖြေရှင်းနိုင်ဖို့ အဓိက အတားအဆီးဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောလိုက်ပါတယ်။

မွတ်စလင် လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ တိုင်းပြည်ရဲ့ အာဏာအရှိဆုံးဖြစ်တဲ့ စစ်တပ်ရဲ့လက်အောက်မှာ ဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အခြေခံအားဖြင့် အာဏာကို ဆုတ်ကိုင်ထားဆဲဖြစ်ပြီး အပြောင်းအလဲဖြစ်ဖို့ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တပ်မတော်ကို ဖိအားပေးဖို့ လိုကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမုန်းတရား ပြောဆိုမှုတွေ ရှိနေဆဲဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တချို့ဟာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်လာအောင် ပြောဆိုတာတွေ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အပြီးမှာ မစ္စတာဂူတားရက်စ်က ပြောပါတယ်။

မွတ်စလင်ဒုက္ခသည်အရေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မစ္စတာဂူတားရက်စ်က ပြောကြားရာမှာ... ဒီလိုအခြေအနေမျိုးမှာ မိမိတို့အနေနဲ့ ဆုံးဖြတ်ရခက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ထက် တပ်မတော်က အာဏာပိုရှိနေတယ်လို့ မိမိအနေနဲ့  ယုံကြည်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်မလာအောင် မြန်မာအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ကာကွယ်ပေးဖို့ ဒီထက်မက လုပ်ဆောင်ပေးသင့်တယ်လို့ ရှုမြင်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။