H1N1 ကြောင့် ၃ ဦး ထပ်မံသေဆုံး
2017.08.11
ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် ဒီနေ့မှာ ၃ ဦး ထပ်မံသေဆုံးသွားပြီး ရောဂါပိုးကူးစက်ခံရသူ ၁၀ ဦး ထပ်တိုးလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာခင်စန္ဒာအောင် က ပြောပါတယ်။
ဇူလိုင်လ ၂၁ ရက်ကနေ ဒီနေ့အထိ စာရင်းအရ ရာသီတုပ်ကွေး H1N ရောဂါပိုးကြောင့် သေဆုံးသူ ၂၃ ဦး ရှိပြီး ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၀၄ ဦး ရှိပြီလို့ ဒေါက်တာခင်စန္ဒာအောင် ပြောပါတယ်။
"ဒီနေ့ Positive ၁၀ ယောက်ရှိတယ်၊ မနေ့က ၁၉၄ ဆိုတော့ ဒီနေ့ဆို ၂၀၄ ဖြစ်သွားပြီပေါ့၊ သေဆုံး လူနာကတော့ ဒီနေ့ထိဆိုရင် ၂၃ ဦးပေါ့"
H1N1 ရောဂါပိုးနဲ့ ဒီနေ့မှာ ထပ်မံသေဆုံးသွားသူ သုံးဦးက တောင်ငူ၊ မန္တလေး၊ ရန်ကုန် တို့က ဖြစ်ကြပါတယ်။
ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိတာကြောင့် ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းလို့ ဆေးရုံကဆင်းသွားသူ ဒီနေ့ထိ ၉၁ ဦး ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရာသီတုပ်ကွေး H1N1 ကို ကပ်ရောဂါအဖြစ် မသတ်မှတ်သေးပေ မယ့် သေဆုံးမှုများတာကြောင့် ထူးကဲအဆင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှုနှုန်းထားဟာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလထက် နှစ်ဆကျော် ပိုများတယ်လို့လည်း သိရပါတယ်။