H1N1 ကြောင့် သေဆုံးသူ ၂၀ အထိ ရှိလာ


2017.08.10
h1n1-prevent-622.jpg ရာသီတုပ်ကွေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းသားတွေ နှာခေါင်းစည်းတပ်ဆင်ထားသည်ကို တွေ့ရစဉ်
Photo: Kaung Htet Kyaw/ RFA

ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် ဒီနေ့မှာ ၁ ဦး ထပ်မံသေဆုံးသွားပြီး ရောဂါပိုးကူးစက်ခံရသူ ၁၁ ဦး ထပ်တိုးလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

ဇူလိုင်၂၁ ရက်ကနေ ဒီနေ့အထိ စာရင်းအရ ရာသီတုပ်ကွေး H1N1ရောဂါပိုးကြောင့် သေဆုံးသူ ၂၀ ဦးနဲ့  ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၉၄ ဦးရှိပြီလို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

"တစ်နိုင်ငံလုံးမှာ ဒီနေ့ထိသေဆုံးသူပေါင်းက စုစုပေါင်း ၂၀ ဦး၊ ဒီနေ့ဆိုရင် သံသယလူနာ ၃၆ ဦး စစ်ရာမှာ ၁၁ ဦး ထပ်တိုးတာပေါ့ အားလုံးပေါင်း ဒီနေ့ထိအောင် ပိုးတွေ့က ၁၉၄ ပေါ့"

H1N1 ရောဂါပိုးနဲ့ ဒီနေ့မှာ ထပ်မံသေဆုံးသွားသူတစ်ဦးက ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်က  ဖြစ်တယ်လို့ သိရပါတယ်။

ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိတာကြောင့် ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းလို့ ဆေးရုံကဆင်းသွားသူ  ၈၀ ဦး ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ရာသီတုပ်ကွေး H1N1 ကို ကပ်ရောဂါအဖြစ် မသတ်မှတ်သေးပေ မယ့် သေဆုံးမှုများတာကြောင့် ထူးကဲအဆင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှုနှုန်းထားဟာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလထက် နှစ်ဆကျော် ပိုများတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။