H1N1 နဲ့ သေဆုံးသူ ၁ ဦးထပ်တိုး၊ ရောဂါပိုးတေ့ွရှိသူ ၂၃ ဦး တိုး
2017.08.02
ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၁ ဦး ထပ်မံသေဆုံးသွားပြီး ရောဂါပိုးတွေ့ရှိသူ ၂၃ ဦး ထပ်တိုးလာတယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီနေ့ မွန်းလွဲ ၂ နာရီအထိစာရင်းအရ သေဆုံးသူ ၁၃ ဦး နဲ့ ရောဂါပိုး တွေ့ရှိသူ ၉၉ ဦး အထိရှိလာတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် က ပြောပါတယ်။
"မွန်းလွဲ ၂ နာရီအထိပေါ့နော်၊ ဒီ H1N1 ရောဂါပိုးတွေ့သူပေါင်းက ၉၉ ဦး ရှိပါတယ်၊ သေဆုံးသူကတော့ ၁၃ ဦး ရှိပါတယ်"
ထပ်မံသေဆုံးသွားသူဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်တိုက်နယ်ဆရာဝန်ရဲ့ဇနီးဖြစ်တယ်လို့ ဒေါက်တာ သန်းထွန်းအောင် က အတည်ပြုပြောပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက် ကုသနေရသူပေါင်း ၂၈၄ ဦး အထိရှိလာပြီ ဖြစ်ပါတယ်။
အဲဒီရောဂါပိုးရဲ့လက္ခဏာတွေဟာ သာမန်တုပ်ကွေးလိုမျိုး ချောင်းဆိုးတာ၊ အဖျားတက်တာ၊ နှာရည်ယိုတာ၊ ခေါင်းကိုက်၊ ကိုယ်/လက်ကိုက်တာမျိုးတွေဖြစ်တယ်လို့လည်း သိရပါတယ်။