ဟားခါးမှာ လက်ဝါးကပ်တိုင် ဆက်လက် စိုက်ထူခွင့်ပေးဖို့ ရန်ကုန်မှာ တောင်းဆိုဆန္ဒပြ


2015.01.29

ဟားခါးမြို့အထွက် ကြာရ်ကြန်တောင်ထိပ်မှာ စိုက်ထူထားတဲ့ ဆုတောင်းပြည့် လက်ဝါးကပ်တိုင်ကို ချင်းပြည်နယ်အစိုးရက ဖယ်ရှားခိုင်းတာကြောင့် ချင်းလူငယ် ၁၀၀ နီးပါးက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလက်ဝါးကပ်တိုင်ကို ဆက်လက်စိုက်ထူခွင့်ပေးဖို့ ပြည်နယ်အစိုးရကို တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ချင်းအမျိုးသား ဆလိုင်း ကျဲအိုဘိခ်ထောင် က ပြောပါတယ်။

"ဘာသာရေးအရ ခွဲခြားဆက်ဆံမှု ခံနေရတယ်လို့ ခံစားရတယ်လေ၊ ဘာသာရေး ခွဲခြားဆက်ဆံ တာ ရောက်သွားတဲ့ နိုင်ငံတော် ဥပဒေတွေကို ပယ်ဖျက်ပြီးတော့မှ ဘာသာရေး တန်းတူညီမျှမှု ချင်းပြည်နယ်မှာခံစားဖို့ အဓိကရည်ရွယ်တဲ့သဘောပါ၊ လောလောလတ်လတ်ဖြစ်နေတဲ့ ဟားခါးမြို့ဘေး နားမှာရှိတဲ့ လက်ဝါးကပ်တိုင်ကို ရှိရင်းစွဲနေရာမှာပဲ သာသနာပိုင် အဆောက်အဦနဲ့ သာသနာပိုင်နယ်မြေ လုပ်ပေးဖို့သင့်တယ်လို့ တောင်းဆိုသွားမှာပါ"

လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဟားခါးမြို့အထွက် ကြာရ်ကြန်တောင်ထိပ်မှာ ဆုတောင်းပြည့် လက်ဝါးကပ်တိုင်ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလက်ဝါးကပ်တိုင်ဟာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မပါဘဲ စိုက်ထူထားတာဖြစ်တဲ့အတွက် ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ အစိုးရက ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။