အညာဒေသ ရေရှားပါးမှု ကူညီရန် ပန်းရဲ့လမ်းအဖွဲ့ အလှူခံ


2013.07.25

အထက်အညာဒေသမှာ ရင်ဆိုင်နေရတဲ့ သောက်သုံးရေရှားမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အနုပညာရှင်တွေ နဲ့ ဖွဲ့စည်းထားတဲ့ ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ ဒီနေ့ကစပြီး ကျောက်ပန်း တောင်း၊ ပုဂံ၊ ညောင်ဦးနဲ့ မြင်းခြံမြို့နယ်တွေ မှာ ဖျော်ဖြေရေး အလှူခံပွဲတွေ စတင်နေပါတယ်။

ဒီနေ့မှာတော့ ကျောက်ပန်းတောင်းမြို့နယ်မှာ ဂီတဖျော်ဖြေရင်း အလှူခံပွဲ စတင်ခဲ့တယ်လို့ ပန်းရဲ့လမ်းအဖွဲ့ဝင် အဆိုတော် ဦးသားထွေးကပြောပါတယ်။

"
ရေကတစ်နှစ်တစ်ခြား ပိုပိုဆိုးရွားလာတာကိုး၊ ရေလှူမယ်ဆိုရင် ရေကားက ဈေးအတော်ကြီးတယ်၊ အဲဒါမျိုးတွေဖြစ်နေတော့ ရေကားလေးဝယ်ထားလိုက်ရင် ရေသယ်ပြီးသွားပို့ရင် ဘာမှလည်း အကုန်အကျမရှိဘူး၊ အဲဒီပရဟိတလုပ်ငန်းအတွက် မြို့တစ်မြို့မှာ ကားလေးတစ်စီးရှိထားလိုက်ရင် အဆင်ပြေတယ်၊ ရေအခက်အခဲအတွက်ကို ကျနော်တို့က လိုက်တီးပြီး အလှူလိုက်ခံပေးရုံပဲ၊ ငွေကြေးအားလုံးက ဒီကပရဟိတအဖွဲ့ကပဲကိုင်တာ”

ပန်းရဲ့လမ်းအဖွဲ့ဟာ ဇူလိုင်လဆန်းပိုင်းကလည်း ရေရှားပါးနေတဲ့ချောက်မြို့မှာ သွားရောက်အလှူခံပေးခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် အခုလိုဖျော်ဖြေအလှူခံပြီး အလှူငွေပေးအပ်လှူဒါန်းခဲ့တယ် လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။