အဝေးပြေးယာဉ်စီးခ တိုးမြှင့် သတ်မှတ်ပေးဖို့ တိုင်းအစိုးရနဲ့ ယာဉ်လိုင်းပိုင်ရှင်တွေ ဆွေးနွေးဆဲ


2017.03.21
passenger-bus-620.jpg ခရီးသည်တင် အဝေးပြေးကားတစ်စီးကို တွေ့ရစဉ်
Photo: Nay Thwae/RFA

သြင်္ကန်ကာလမတိုင်ခင်နဲ့ သြင်္ကန်ကာလနောက်ပိုင်းရက်တွေမှာ အဝေးပြေးယာဉ်စီးခနှုန်းတွေကို သင့်တင့် တဲ့ ဈေးနှုန်း တိုးမြှင့်သတ်မှတ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ ယာဉ်လိုင်းပိုင်ရှင်တွေ တောင်းဆိုထားတဲ့ အပေါ် အစိုးရဘက်က ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုအချိန်တွေမှာ ခရီးစဉ်တစ်ကြောင်းသာ ခရီးသည်လိုက်ပါတဲ့အတွက် တွက်ခြေမကိုက်တာကြောင့် သင့်တင့် တဲ့ဈေးနှုန်းတိုးပေးဖို့ ယာဉ်လိုင်းပိုင်ရှင်တွေက တောင်းဆိုတာဖြစ်တယ်လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။

သြင်္ကန်မတိုင်ခင် ၃ ရက်ခန့်ကစပြီး ရန်ကုန်ဘက်ကနေ နယ်တွေကို သွားတဲ့ခရီးသည်သာရှိပြီး ရန်ကုန်ကို ပြန် ဆင်းမယ့် ခရီးသည်မရှိသလို သြင်္ကန်အပြီးနောက်ပိုင်း ၃ ရက်လောက်မှာ ရန်ကုန်ကို ပြန်ဆင်းတဲ့ခရီးသည်သာ ရှိပြီး ရန်ကုန်ကသွားတဲ့ ခရီးသည်မရှိတဲ့အတွက် တွက်ခြေမကိုက်ဘူးလို့ ယာဉ်လိုင်းပိုင်ရှင်တွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီကာလအတွင်း ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ပုံမှန်ထက် ၁ဆခွဲလောက် လုပ်အားခ ပိုမိုပေးရတယ်လို့လည်း အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က အစိုးရအဖွဲ့ဝင်တွေနဲ့ ယာဉ်လိုင်းပိုင်ရှင်တွေ တွေ့ဆုံခဲ့ကြပေမယ့် တိကျတဲ့ သတ်မှတ်ချက် မရရှိသေးတာဖြစ်ပါတယ်။

နှစ်စဉ် နှစ်သစ်ကူးသြင်္ကန်ပိတ်ရက်ကာလအတွင်း အဝေးပြေးယာဉ်စီးခနှုန်းထားတွေ မူလနှုန်းထက် ပိုပေးပြီး ဝယ်ယူရတာတွေ ရှိတဲ့အတွက် နှစ်စဉ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။