ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဖုန်းဆက် စကားပြော
2011.01.20

(Photo: AFP)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းကတဆင့် နှုတ်ဆက်စကားပြောခဲ့ရာမှာ မြန်မာနိုင်ငံတွင်း လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေ အားကောင်းလာရေးနဲ့ ဒီမိုကရေစီ ထွန်းကားလာရေး ကိစ္စရပ်တွေကို ဆွေးနွေး ပြောဆိုခဲ့ကြတယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ်က အာအက်ဖ်အေကို ပြောသွားပါတယ်။
အမေရိကန် ပြည်ထောင်စုကို နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့တွေ့ဆုံပွဲတွေမှာ မြန်မာနိုင်ငံကိစ္စ ပါမပါ အတိအကျ မပြောနိုင်ပေမယ့် ကမ္ဘာ့အရေး အကြောင်းအရာ စုံစုံလင်လင် ဆွေးနွေးဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။
သမ္မတနှစ်ဦး တွေ့ဆုံရာမှာ အကြောင်းအရာ ကိစ္စရပ် တော်တော်များများ ဆွေးနွေးကြမှာပါ။
ဒါပေမယ့် အချက်အလက် အတိအကျကိုတော့ အခုချိန်ထိ ကျနော်တို့မသိရသေးပါဘူး။ အခုပြောနေတဲ့အချိန်မှာပဲ သမ္မတအိုဘားမား သတင်းစာ ရှင်းလင်းပွဲ လုပ်နေပါတယ်။
အဲဒီနောက်မှလည်း သမ္မတနှစ်ဦး ဆွေနွေးပွဲတွေ ရှိနေအုံးမှာပါလို့လဲ ပြောသွားပါတယ်။