ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေကို အပြီးသတ်နေရာချထားပေးမည်


2018.11.06
hindus-resettlement-622.jpg မောင်တောမြို့နယ် ရွှေဇားရွာအနီးမှာ ဟိန္ဒူဘာသာဝင်တွေအတွက် ဆောက်လုပ်နေတဲ့နေအိမ်တွေကို ၂၀၁၈ နိုဝင်ဘာ ၅ ရက်နေ့က တွေ့ရစဉ်။
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ခိုလှုံနေကြရတဲ့ ဟိန္ဒူဘာသာဝင်ဒုက္ခသည်တွေကို နေရာ ၃ခုမှာ နေအိမ် ၂၀၀ ကျော်နဲ့ ဒီလကုန်ပိုင်းမှာ အပြီးသတ်နေရာချထားပေးမယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောပါတယ်။

ဟိန္ဒူဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး RFA က ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာ မြို့မအရှေ့ရပ်ကွက်၊ ရွှေဇား၊ ကြိမ်ချောင်း စတဲ့နေရာ ၃ ခုမှာ နေရာချထားပေးမှာလို့ ပြောတာဖြစ်ပါတယ်။

မောင်တောမြို့မအရှေ့ရပ်ကွက်နဲ့ ကြိမ်ချောင်းကျေးရွာတွေမှာ လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်တာကြောင့် မကြာခင်နေရာချထားနိုင်ဖို့ တင်ပြထားပြီး ရွှေဇားကျေးရွာမှာ ဆောက်လုပ်နေတဲ့နေအိမ်တွေကတော့ ငါးဆယ်ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် ဒုက္ခသည် ၁၂၀၀ ကျော်ဟာ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးနောက်မှာ ယာယီတဲတန်းလျားတွေ နဲ့ ခိုလှုံနေကြတာဖြစ်ပါတယ်။

ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂၉၀ ကျော်ရှိတယ်လို့ ဟိန္ဒူခေါင်းဆောင်တွေက ပြောဆိုကြပေမယ့် အစိုးရကတော့ အိမ်ထောင်စု ၂၂၆ စုကိုသာ အတည်ပြုထားတယ်လို့သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။