ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး နှင်းဆီရင်ခွင် သိန်း ၆၅ဝ လှူဒါန်း


2018.04.05
rakhine-state-donation-622.jpg ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းက ကျပ်သိန်း ၆၅ဝ ကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၅ ရက်နေ့က နေပြည်တော်မှာ လှူဒါန်းခဲ့စဉ်
Photo: Myanmar State Counsellor Office

ဒါရိုက်တာ မောင်မျိုးမင်း ဦးဆောင်တဲ့ နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာအစိုးရကို အလှူငွေ ကျပ်သိန်း ၆၅ဝ မနေ့က ပေးအပ်ခဲ့ပါတယ်။

အဲဒီအလှူငွေတွေဟာ နှင်းဆီအငြိမ့်ကပြီး ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ နေပြည်တော်မှာ ပြုလုပ်တဲ့ အလှူငွေ ပေးအပ်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အခုလို အနုပညာရှင်တွေရဲ့ ငွေကြေးအရ ကူညီမှုဟာ ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်သက်မကပဲ ပြည်သူလူထုအတွင်း ကူညီလိုစိတ်တွေကိုဖြစ်ပွားစေတဲ့ အတွက် စိတ်ပိုင်း ဆိုင်ရာအရပါ အကျိုးရှိကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ၃ ဦး တက်ရောက်တဲ့ မနေ့က အလှူငွေပေးအပ်ပွဲမှာ ဒါရိုက်တာ မောင်မျိုးမင်း က ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ကျော် ပန်းချီ မျိုးမြင့် ရေးဆွဲတဲ့ သူမရဲ့ ပုံတူပန်းချီကားချပ်တစ်ခုလည်း လက်ဆောင်ပေးခဲ့ပါတယ်။ ပန်းနုရောင်နှင်းဆီတွေ ပန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ ကိုယ်တပိုင်းပုံကို ညတွင်းချင်း အပြီးရေးဆွဲဂုဏ်ပြုခဲ့တယ်လို့ ပန်းချီဆရာ ကိုမျိုးမြင့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။