ဇေယျာသီရိမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်း မဲဆွယ်


2015.09.13
hlahtaywin-620 အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့အဖွဲ့ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ရွာ ဓမ္မသုခလယ်ပြင်ဦးဘုန်းကြီးကျောင်းမှာ သြဂုတ်လ ၂၉ ရက်နေ့က ဒေသခံတွေကို အခမဲ့ဆေးဝါးကုသပေးစဉ်
Photo: Win Ko KO Latt/RFA

နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မြေကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်းဟာ သူရဲ့မဲဆန္ဒနယ်မှာ တတိယမြောက်နေ့အဖြစ် မဲဆွယ် စည်းရုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ဇေယျာသီရိမြို့နယ်မှာ စစ်ဘက်ဆရာဝန်တွေနဲ့ ဆေးကုပေးခဲ့တဲ့ အတွက် အချိန်မတိုင်ခင် မဲဆွယ်တယ်ဆိုပြီး အတိုင်ခံရခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးလှဌေးဝင်း က သူ့အနေနဲ့ တရားဝင် မဲဆွယ်တာတွေကို ဒီလ ၁၁ရက်နေ့ကစခဲ့တာပါလို့ ဒီကနေ့မှာ ထည့်သွင်းပြောပါတယ်။

"ကျနော်တို့ အခုပေးတာတော့ ၈ ရက်နေ့ကနေစပြီးတော့ မဲဆွယ်နိုင်တယ်လို့ ပြောတယ်ပေါ့၊ ၁၁ ရက်နေ့မှာစပြီးတော့ အလုပ်လုပ်ပါတယ်ခင်ဗျ၊ ဒီကြားထဲမှာ ကျနော်တို့ ပြင်ဆင်တဲ့ဟာလေးတွေ ကတိပေးတဲ့အတွက် အကုန်လုံးပြင်ဆင်ပြီးမှ ၁၁ ရက်နေ့မှာစပြီး ကျနော်တို့ မဲဆွယ်တဲ့လုပ်ငန်းစပါတယ်"

ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းဟာ ပြည်ခိုင်ဖြိုးပါတီကနေ လာမယ့်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တပ်မတော်က အနားယူခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။