လှိုင်သာယာစက်မှုဇုန်မှာ အထည်ချုပ်လုပ်သား ၂၀၀ လောက် ဆန္ဒပြ


2013.10.18

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်မှာရှိတဲ့ မြန်မာ့ဆိုလာမိုဒါ အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ နီးပါးဟာ အလုပ်ချိန် တိတိကျကျသတ်မှတ်ပေးဖို့နဲ့ တနင်္ဂနွေနေ့အပြင် အခါကြီးရက်ကြီးတွေကို စက်ရံုံပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့အတွက် အောက်တိုဘာ ၁၅ ရက်ကနေစပြီး စက်ရုံပြင်ပမှာ တောင်းဆိုဆန္ဒပြနေကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမတစ်ဦးဖြစ်သူ မအေဘီကျော်က လက်ရှိအလုပ်လုပ်ရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

"သူကအလုပ်စချိန်ကို ၈ နာရီသတ်မှတ်ထားတယ်၊ ဒါပေမယ့် ၇ နာရီ ၄၅ မှာစဝင်ရတယ်၊ နောက်ကျရင် အဆူခံရတယ်၊ ထမင်းစားပြီးတဲ့အချိန်မှာ သန့်ရှင်းရေးလုပ်ရတယ်၊ ထမင်းစားချိန်ကို ၄၅ မိနစ်ပေးထားတယ်၊ ၄၅ မိနစ်ဆိုပေမယ့် အပြည့်အဝမရဘူး၊ အချိန်ပိုဆင်းရပေမယ့် လစာကိုတိုးမပေးဘူး၊ အခုက အချိန်ပိုဆင်းတာနဲ့ မဆင်းတာ လစာအတူတူဖြစ်နေတယ်"

အဲဒီအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၀၀ ကျော်ရှိပြီး ဒီနေ့ညနေပိုင်းမှာ အလုပ်သမားခေါင်းဆောင်တချို့ဟာ စက်ရုံတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရရှိသေးဘူးလို့ သိရပါတယ်။ မနေ့ကလည်း ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန်က ဖာမိုဆိုအထည်ချုပ်စက်ရုံမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၃ ဦးကို ပြန်ခန့်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ အလုပ်သမား ၆၀၀ ကျော်ကို အလုပ်ကထုတ်လိုက်ကြောင်း စက်ရုံမှာစာကပ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။