လှိုင်မြို့နယ်က ကွန်ဒိုတစ်ခု ၃ နာရီကြာ ဝင်စီးခံရ

2021.11.20
လှိုင်မြို့နယ်က ကွန်ဒိုတစ်ခု ၃ နာရီကြာ ဝင်စီးခံရ လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဓမ္မသုခကျောင်းလမ်းက Royal Thukha ကွန်ဒိုထဲကို ၂၀၂၁ နိုဝင်ဘာ ၂၀ ရက်နေ့ညက စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့စဉ်
Photo: Hlaing Information

ရန်ကုန် လှိုင်မြို့နယ်ထဲက ကွန်ဒိုတစ်ခုကို နိုဝင်ဘာ ၂၀ ရက် မနေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက် လာပြီး ၃ နာရီကြာ ဝင်ရောက်ရှာဖွေခံခဲ့ရတယ်လို့ လှိုင်မြို့နယ်အတွင်း နေထိုင်သူတွေက ပြောပါတယ်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဓမ္မသုခကျောင်းလမ်းက Royal Thukha ကွန်ဒိုထဲကို ည ၇ နာရီလောက်က ရဲကား ၇ စီး အင်အား ၃၀ လောက်နဲ့ ရောက်လာခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေရှိနိုင်တယ်လို့ ဒေသခံတွေကပြောပေမယ့် ‌အရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ မသိရနိုင်သေးပါဘူး။

ည ၁၀ နာရီဝန်းကျင်လောက်မှာ ပြန်ထွက်သွားကြပြီး မနေ့ညက ဒီလိုဝင်ရောက်ရှာဖွေခံခဲ့ရတဲ့အချိန်နဲ့ တပြိုင် နက်တည်းမှာပဲ ည ၈ နာရီ လောက်ကစလို့ တစ်နိုင်ငံလုံးနီးပါး တစ်နာရီကြာ လျှပ်စစ်မီး ပြတ်တောက်မှု ကြုံ တွေ့ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။