မီးဘေးသင့်သူတွေကို ယာယီနေရာချထားပေးမည်


2018.03.20
hlaingtharyar-fire-622.jpg လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ စက်မှုဇုန် ၄ က ရေအုပ်ကန်ကျေးရွာအုပ်စုမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က မီးလောင်စဉ်
Photo: Myanmar Fire Services Department Facebook

ပြီးခဲ့တဲ့ဇန်နဝါရီလက မီးလောင်မှုကြောင့် နေအိမ်တွေဆုံးရှုံးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းမဘေးက အိမ်ထောင်စု ၇၃ စုကို အစိုးရက ဆောက်လုပ်ထားတဲ့နေအိမ်တွေမှာ နေရာချ ထားပေးမယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဒီနေ့ ပြောပါတယ်။

မီးဘေးသင့်သူတွေ ယာယီနေထိုင်နိုင်ဖို့အတွက် မြို့တော်ဝန်က ဦးဆောင်ပြီး နေအိမ်တွေ စီစဉ်ပေးတာဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပြောပါတယ်။

"အဆောက်ဦတွေက အကုန်လုံးပြီးစီးနေပြီဆိုတော့လေ ဟိုဘက်ကလုပ်ငန်းစဉ်တွေ အားလုံးပြီးတာ နဲ့ ရွှေ့ပြောင်းတွေအတွက်ကို တခါတည်း ယာယီနေထိုင်ခွင့်ပေးဖို့ဆိုပြီး လုပ်ထားတဲ့ဟာဆိုတော့ ကျနော်ထင်တာ ၄ လပိုင်း ရက်ကိုတော့ အတိကျ ကျနော်တို့ မပြောနိုင်ဘူးဗျ။ ဒါပေမဲ့ ဟိုဘက်က အဆောက်ဦးတွေပြီးနေပြီ ။ ရေတွေလည်း အကုန်လုံးရရှိနေပြီဆိုတော့ မကြာခင်တောအတွင်းမှာ သူတို့ ဒီဟာတွေကို နေရာပြန်လည်ချထားပေးတာတွေ အပြီးလုပ်သွားမှာ"


စီစဉ်ပေးထားတဲ့ နေရာကတော့ လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမဘေးမှာ ဆောက်လုပ်ထား တဲ့ မြေစိုက်အခန်းတွဲ နေအိမ်တွေ ဖြစ်ပါတယ်။

ယာယီနေထိုင်ခွင့်ပေးတာဖြစ်ပြီး နေထိုင်ခွင့်ရမယ့် ကာလသတ်မှတ်ချက်ကိုတော့ မသိသေးဘူးလို့ လည်း ပြောပါတယ်။

နေထိုင်ခွင့်ရမယ့်သူတွေဟာ တခြားသူကို ငှားရမ်းတာ၊ ပေါင်နှံတာ၊ လွှဲပြောင်းတာတွေ လုပ်လို့မရဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းမဘေးက ရေအုပ်ကန် ကျေးရွာ အုပ်စုမှာ ရေနွေးအိုးတည်ရာကနေ မီးလောင်မှုဖြစ်ခဲ့ပြီး အိမ်ခြေ ၈၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။