လှိုင်သာယာမှာ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အဖွဲ့ဝင် ၁၃ ဦး အလုပ်ထုတ်ခံရ


2014.07.16

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ Gallant Ocean ဂဏန်း၊ ပုဇွန် အအေးခန်းစက်ရုံက အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အဖွဲ့ဝင် ၁၃ ဦးကို အလုပ်ရှင်က ဒီနေ့ အလုပ်က ထုတ်လိုက်တယ်လို့ သိရပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်မာမာခင်က အခုလို ပြောပါတယ်။

"ဒီနေ့ပဲ စာတော့မကပ်ဘူးပေါ့နော်၊ ကျမတို့ကို ဆော့ပင်နဲ့ပဲ ရေးပြီးတော့ပေ့ါနော် မန်နေဂျာက လာပေးပါတယ် ၁၄ ယောက်ပေါ့၊ ကျမက အလုပ်သမား သမဂ္ဂ ဥက္ကဌ တစ်ယောက်အနေနဲ့ မေးတယ် မန်နေဂျာက ပြောတာတော့ ကျမတို့နဲ့ပေါ့နော် သူဌေးက ဆက်ပြီးလက်မတွဲနိုင်တော့ဘူးပေါ့နော် ကျမတို့က လုပ်ငန်းလိုအပ်ချက် ဆိုရင်ပေါ့နော် နေ့စားတွေ တစ်နေ့ ၁၅ ယောက် အယောက် ၂၀  ခေါ်နေတယ်ပေါ့နော် တကယ်ဆိုရင် နေ့စား ကို ဖြုတ်ရမှာပေါ့နော်၊ ကျမတို့က ကျွမ်းကျင်ဝန်ထမ်းတွေဖြစ်တဲ့အတွက် ဖြုတ်စရာမလို ဘူးလို့ ကျမက ပြောခဲ့တယ် ဒါပေမဲ့ သူတို့က ဘယ်လိုလဲဆိုတော့ ဆက်ပြီးလက်မတွဲနိုင်ဘူးပေါ့နော် အဲ့လိုမျိုးပဲ အကြောက်အကန်ငြင်းတယ်"

ခံရတဲ့ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အဖွဲ့ဝင် ၁၃ ဦးဟာ မြို့နယ်ဖြန်ဖြေရေးရုံးဆီ ဖြေရှင်းပေးဖို့ အကြောင်းကြားစာ တင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက Gallant Ocean ဂဏန်း၊ ပုဇွန် အအေးခန်းစက်ရုံက အလုပ်သမား ၉၀ ကျော် လောက်ဟာ အမြဲတမ်းအလုပ်သမားတွေနဲ့ နေ့စားအလုပ်သမားတွေကြား လုပ်ခလစာတန်းတူရရှိဖို့ဆိုပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီစက်ရုံမှာ အမြဲတမ်းအလုပ်သမား ၁၀၀ ကျော်ရှိပြီး နေ့စားအလုပ်သမား ၂၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။