ပညာရေး ဥပဒေဆိုင်ရာ ကြားနာပွဲပါတီ ခေါင်းဆောင် များ ဆွေးနွေး
2015.03.08

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် အမျိုးသားလွှတ်တော်မှာ လေးရက်မြောက်နေ့အဖြစ် ဒီနေ့ ကြားနာပွဲ ဆက်လက်ကျင်းပရာ နိုင်ငံရေးပါတီ ရှစ်ပါတီက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေး ခဲ့ကြ ပါတယ်။
အမျိုးသားလွှတ်တော် တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ(မြန်မာ)ဥက္ကဌ ဦးသုဝေက အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ကို ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။
"ပညာရေးဥပဒေရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုရင် ကျနော်တို့တိုင်းပြည်မှာ အင်မ တန် တော်သော ကျောင်းဆရာတွေဖြစ်လာဖို့၊ အင်မတန်တော်သော ဆရာဝန်တွေဖြစ်လာဖို့၊ အင်မ တန်တော်သော အင်ဂျင်နီယာတွေဖြစ်လာဖို့၊ အင်မ တန်တော်သော စီးပွားရေး ပါရဂူတွေဖြစ်လာဖို့၊ အုပ်ချုပ်ရေး ပါရဂူတွေဖြစ်လာဖို့၊ သိပ္ပံပါရ ဂူတွေဖြစ်လာဖို့ အဲ့လို ရည်ရွယ်ချက်တွေဖြစ်ဖို့ဆိုရင် ညီညီညွတ်ညွတ်နဲ့ တိုင်ပင်ဆွေးနွေး ဥပဒေပြု ပြီးတော့မှ ဆောက်ရွက်ရမှာပေါ့၊ အခြေအနေပေးပါလျက်နဲ့ ကျနော်တို့က အဲ့လိုမလုပ်ရင် ကျနော်တို့ တိုင်းပြည်၊ ကျနော်တို့လူမျိုးကနစ်နာမှာပေါ့၊ အဲ့ဒါကြောင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ကွဲလွဲတဲ့အယူအဆရှိတယ်၊ ဆွေးနွေးနိုင်တဲ့နည်းလမ်းရှိရင် ညှိနှိုင်းဆွေးနွေး အဖြေရှာရေးကိုလုပ်ပါ လို့ သဘောထား ပေးရင်းနဲ့ အဆုံးသတ်ပါတယ် "
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးခင်မောင်ရီကလဲ အမျိုးသား ပညာရေးဥပဒေဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဥပဒေဖြစ်တဲ့အတွက် အချိန်ယူပြီး ဆွေးနွေးရေးဆွဲရမှာဖြစ်တယ်လို့ ပြောပါတယ်။
အဲ့ဒီကြားနာပွဲကို ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ၊ ကယားလူမျိုးစုဒီမိုကရေ စီပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ ပါတီ ၈ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က စုစည်းတင်ပြထားပါတယ်။