အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဖွဲ့စည်းခွင့်ပြု
2012.07.06
ဒီအသင်း ဖွဲ့စည်းမှုနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ မနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဖွဲ့စည်း ထူထောင်ခွင့် ရရှိရေးအတွက် ၂၀၀၉ ခုနှစ် ကတည်းက စတင်ကြိုးပမ်း လာခဲ့ရာမှာ အခုအခါ အသင်းတရားဝင် ဖွဲ့စည်းထူထောင်ခွင့် ရရှိသွားပြီ ဖြစ်တဲ့အတွက် လုပ်ငန်းအချင်းချင်းကြား အတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ ဖလှယ်နိုင်တော့မှာ ဖြစ်တယ်လို့ အသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဦးက RFA ကို ပြောပါတယ်။
"အိမ်ခြံမြေ ဝန်ဆောင်မှုပေးတဲ့ ကိုယ့်ညီအစ်ကို မောင်နှမ လုပ်ငန်းတူတွေကိုလည်း မြင့်တဲ့သူက နိမ့်တဲ့သူကို ဆွဲခေါ်ဖို့၊ နောက်တစ်ခုက အတွေ့အကြုံ နည်းသေးတဲ့သူကို အတွေ့အကြုံ ရှိတဲ့သူတွေက နေပြီးတော့ ဆွဲပြီးတော့ တပြေးညီ ဆောင်ရွက်ပေး
ဖို့၊ နောက်တခါ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့ နေရာမှာလည်း တူညီတဲ့ စည်းကမ်းချက်လေးတွေ ရှိဖို့ ဆိုတဲ့ ရည်ရွယ်ချက်လေးတွေ အများကြီး ပါပါတယ်"
အသင်းအနေနဲ့ အိမ်ခြံမြေ ရောင်းဝယ်ရေးဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု ကတ်ပြားတွေလည်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။