ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရ


2018.03.21
mndaa-622.jpg ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
Photo: AFP

ရှမ်းပြည်နယ် သိန်းနီမြို့နယ် ဟိုမုန်းရွာက ဒေသခံအမျိုးသား ၁၅ ယောက်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ပြီးခဲ့တဲ့ တစ်ပတ်လောက်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဒီနေ့ ပြောပါတယ်။

စဖမ်းသွားတုန်းက ၁၈ ယောက်ဖြစ်ပြီး ၃ ယောက်ကို ပြန်လွှတ်ပေးလိုက်တာကြောင့် ၁၅ ယောက် ကျန်နေသေးတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က ပြောပါတယ်။

"၁၈ ယောက်ဆိုလား မသိဘူး ဖမ်းသွားတာလေ။ တမြန်နေ့ကတော့ ၃ ယောက် ပြန်လွတ်လာပြီရှင့်။ MNDAA ပေါ့။ မြောက်ပိုင်းမဟာမိတ်တပ်ပေါ့နော်။ MNDAA က ကျမတို့ဘက်လည်း မရှိဘူး။ ခုကျမှ ရောက်လာပြီးတော့ အခုမှပဲ ဖမ်းတာပေါ့နော်။ တခါမှတော့ မရှိခဲ့ဖူးဘူး"

ဘာ့ကြောင့် ဖမ်းသွားတယ်ဆိုတာကိုလည်း မသိရသေးဘဲ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။ MNDAA ကို RFA က သီးခြား အတည်ပြုမေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ဟိုမုန်းကျေးရွာဟာ သိန်းနီမြို့နဲ့ ခရီးဝေးလွန်းတာကြောင့် ပြန်လွတ်လာတဲ့ အမျိုးသား ၃ ယောက်နဲ့လည်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

MNDAA ဟာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။