စစ်တပ်လက်နက်ကြီးကြောင့် ဟားခါးက နေအိမ်အချို့ ပျက်စီး

2021.09.09
စစ်တပ်လက်နက်ကြီးကြောင့် ဟားခါးက နေအိမ်အချို့ ပျက်စီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် ပျက်စီးသွားတဲ့ ဟားခါးမြို့က နေအိမ်ကို ၂၀၂၁ စက်တင်ဘာ ၉ ရက်နေ့က တွေ့ရစဥ်
Photo: CJ
ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှာ စက်တင်ဘာလ ၉ ရက် ဒီကနေ့ မနက်အစော (၁) နာရီဝန်းကျင်ခန့် က အာဏာသိမ်းစစ်ကောင်စီဘက်မှ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေကြောင့် လူနေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
 
ချင်းကာကွယ်ရေးအဖွဲ့ ဟားခါး (CDF) နဲ့ စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တာ ကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေသုံးပြီး ပြန်လည်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြော ပါတယ်။
 
ဒီနေ့ဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှုကိုတော့ တိတိကျကျမသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
 
စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းကလည်း ဟားခါးမြို့ (CDF) အဖွဲ့နဲ့ စစ်ကောင်စီအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် ခြောက်လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။
 
ဒါ့အပြင် စက်တင်ဘာ ၄ ရက်နေ့ ညပိုင်းကလည်း ဟားခါးမြို့က စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံးနားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးနဲပစ်ခတ်ခဲ့တဲ့ကိစ္စအပေါ် စစ်ကောင်စီဘက်က တစ်စုံတရာ ထုတ်ပြန် ကြေညာတာ မရှိသေးသလို စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က နှစ်ကြိမ်တိုင် ဖုန်းခေါ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။