အိမ်ပျက်စီးခဲ့တဲ့မိသားစုတွေ အတွက် ကလေးမြို့မှာ အိမ်အလုံး ၃၅ဝ ကို စတင်ဆောက်လုပ်


2015.09.13
kalay-flooding-620 ကျေးရွာတစ်ရွာ ရေဖုံးလွှမ်းနေတာကို တွေ့ရစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/RFA

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လအတွင်းက ရေကြီးပြီး မျောပါပျက်စီးခဲ့တဲ့ အိမ်ခြေ ၃၅ဝ ကျော်ကို ဒီနေ့ကစပြီး စတင်ဆောက်လုပ်ပေးနေပြီလို့သိရပါတယ်။

အခု ဆောက်လုပ်တာကို ၃ လအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမယ်လို့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီအဖွဲ့က ပြောပါတယ်။

အိမ်တစ်လုံးကို ကျပ် ၁၂ သိန်းကနေ သိန်း ၂ဝ အထိတန်ဖိုးရှိတဲ့ အိမ်တွေကို ဆောက်လုပ်ပေးမှာ ဖြစ်တယ်လို့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

"ပြန်ဆောက်မယ့်နေရာကတော့ အခုပထမဦးဆုံး တည်ဆောက်နေတာကတော့ ၃၅၈ လုံးအထိ ရှိတာပေါ့၊ အဲ့ဒါက အစ်ကိုတို့ နိုင်ငံတော်ကနေပြီးတော့မှ အခုပြန်ဆောက်ဖို့အတွက် အခု တာဝန်ယူပြီးလုပ်မှာပါ၊ အိမ်က၂ မျိုး ၂ စားပေါ့၊ သိန်း ၂ဝ နဲ့ ၁၂ သိန်းနဲ့ အဲ့ဒီလို ၂ မျိုး ၂ စား အခုသူတို့က လုပ်နေတာပေါ့၊ သီးခြားလူဦးရေ များတဲ့သူနဲ့ ၅ ဦးအထက်နဲ့ ၅ ဦး အနည်းဆုံးခွဲခြားပြီးတော့ အဲ့ဒီလို ပေးမှာပါ"

ကလေးမြို့ပေါ်မှာ ရေစီးကြောင့် မျောပါပြီးပျက်စီးခဲ့တဲ့ အိမ် ၁ဝ လုံးရှိပြီး အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ အိမ်အလုံး ၃ဝဝ ကျော်တို့ ပျက်စီးခဲ့ပါတယ်။

ရွာလုံးကျွတ်ပျက်စီးခဲ့တဲ့ ကျောက်ကာရွာက အိမ်ခြေ ၁၁ဝ အတွက် သီးသန့်အလှူရှင်ရှိပြီး ကျန်တဲ့အိမ်တွေ ကိုတော့ ပြည်ထောင်စုအစိုးရရန်ပုံငွေနဲ့ ဆောက်လုပ်ပေးမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးတစ်ခုလုံးမှာ ရေစီးကြောင့်ပျက်စီးခဲ့တဲ့ အိမ်ခြေပေါင်း ၈ဝဝ နီးပါးရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။