ဖားကန့်မြို့ ထွေအုပ်ရုံးနဲ့ တရားရုံးကြားမှာ ဗုံးနှစ်လုံး ပေါက်ကွဲ

2021.05.23
ဖားကန့်မြို့ ထွေအုပ်ရုံးနဲ့ တရားရုံးကြားမှာ ဗုံးနှစ်လုံး ပေါက်ကွဲ ကချင်ပြည်နယ် ဖားကန့်မြို့က ထွေအုပ်ရုံးကို တွေ့ရစဉ်
Photo: CJ
ကချင်ပြည်နယ် ဖားကန့်မြို့ ထွေအုပ်ရုံးနဲ့ တရားရုံးကြားမှာ ဒီနေ့မနက် ၉ နာရီခွဲ ဝန်းကျင်က ဗုံးနှစ်လုံး ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲခဲ့တယ်လို့ ဖားကန့်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
 
"အသံတော်တော်ကျယ်။ လမ်းမပေါ်မှာ ပေါက်ကွဲတာဆိုပေမယ့် ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ လူသိပ် မရှိတော့ ဘာမှတော့ မဖြစ်သွားဘူး။ ဗုံးကတော့ ခဏခဏ ကွဲနေတာပဲ"
 
အခုလို ဗုံးပေါက်ကွဲမှုကြောင့် လူအသေအပျောက်နဲ့ အပျက်အစီး မရှိခဲ့ပေမယ့် ရဲတပ်သားတစ်ဦး ညာဘက်လက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံက ဆိုပါတယ်။
 
ဗုံးပေါက်ကွဲခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်း ဘယ်သူ့ လက်ချက်လဲဆိုတာကို RFAက အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
 
ဖားကန့်မြို့မှာ မကြာခဏဆိုသလို စစ်ကောင်စီရဲ့ ယာဉ်တန်းတွေ မိုင်းကွဲခံရတာ ဗုံးအခွဲခံရတာမျိုး ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့တုန်းကလည်း စစ်ကောင်စီရဲ့ ယာဉ်တန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က အဝေးထိမ်း မိုင်းနဲ့ ခွဲခဲ့တာကြောင့် စစ်သားသုံးဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။ 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။