မွတ်ဆလင်ကျေးရွာ မီးရှို့ခံရကြောင်း HRW ကြေညာချက်ထုတ်


2017.09.02
yathittaung-fire-622 HRW အဖွဲ့က မှတ်တမ်းတင်ထားတဲ့ ရသေ့တောင်မြို့နယ်ထဲက ချိန်ခါလီ ကျေးရွာက အိမ်ခြေ ၇၀၀ လောက် မီးလောင်နေတဲ့ ဂြိုဟ်တုရုပ်ပုံကို တွေ့ရစဉ်
Photo: Human Rights Watch

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်ကျေး ရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

အဲဒီမီးလောင်မှုကို ဂြိုဟ်တုရုပ်ပုံတွေထဲမှာ မြင်တွေ့ရတာဟာ ထင်ထားတာထက်တောင် ပိုဆိုးဝါးနေကြောင်း၊ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေကြောင်း စွပ်စွဲချက်တွေနဲ့ အခုမီးလောင်မှုဖြစ်စဉ်နဲ့ပါတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းလေ့လာသူတွေကို အမြန်ဆုံးသွားရောက် ခွင့်ပေးသင့်ကြောင်း HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Roberson က ပြောပါတယ်။

HRW အဖွဲ့အနေနဲ့ ရသေ့တောင်မြို့နယ်ထဲက ချိန်ခါလီ ကျေးရွာက အိမ်ခြေ ၇၀၀ လောက် မီးလောင်နေတဲ့ ဂြိုဟ်တုရုပ်ပုံတွေကို သြဂုတ်လ ၃၁ ရက်နေ့က မှတ်တမ်းတင် ဆန်းစစ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သြဂုတ် လ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းက ၁၇ နေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ မှတ် တမ်းတွေရှိတယ်လို့လည်း HRW အဖွဲ့က ပြောပါတယ်။

ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမရဲ့ ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းတွေကို အသုံးပြုပြီး ရိုဟင်ဂျာမွတ်ဆလင်တွေ အကြမ်းဖက်ခံနေရမှုကို အဆုံးသတ်သွားအောင် လုပ်ဆောင်ပေးဖို့ မျှော် လင့်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင် က စနေနေ့က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။